14 ပတ် - ဘာသာပြန်ပါ။

ChatGPT ကိုဖန်တီးထားတဲ့ Company ကပဲ AI Browser အသစ်ကိုထုတ်ပြလိုက်ပြန်ပြီ
Atlas ပါတဲ့ AI Browser လို့ပြောပြီး Chromium Based ပါပဲ
OpenAI က Google ကို ဖိုက်ဖို့ ဘာညာ ပြောခဲ့ပြီး Chromium နဲ့ထွက်လာတာတော့နည်းနည်းတော့စားပါတယ် ဆန်းတော့လည်း မဆန်းပါဘူး လတ်တလော ထွက်ထားတဲ့ AI Browser တော်တော်များများက Chromium ပဲဖြစ်နေလို့ပါ
AI Browser ဆိုတဲ့အတိုင်းပဲ Browsing လုပ်နေတုန်း AI ကိုသိချင်တာတွေ မေးလို့ရမယ့်ပုံစံမျိူးတွေရှိမယ်
ဥပမာ စာဖတ်သူက Webpage တစ်ခုကို ဖွင့်ထားတယ် ၊ သိချင်တာတစ်ခုခုကို ဘေးနားက Ask ChatGPT ကို နှိပ်ပြီး သိချင်တာတွေ ဆက်တိုက်ဆိုသလို မေးလို့ရနိုင်မှာပါ
ChatGPT ပါတဲ့ Browser ပဲပေါ့ နာမည်ကိုကလည်း ChatGPT Atlas ပါတဲ့
နောက်ထပ်လုပ်နိုင်တာတွေက Agent Mode အပြင်ကိုမှ စာတွေဘာတွေရေးနေရင် စာသားရဲ့ Tone ကိုပြောင်းခိုင်းတာမျိုးတွေအထိ ထည့်ပေးထားတယ် Apple Intelligence ပေါ်က Writing Tools လိုပါပဲ
Webpage တိုင်းမှာ ChatGPT ကိုမပေါ်စေချင်ရင် ပိတ်ထားလို့ရနိုင်မယ့်စနစ်မျိုးတွေကိုလည်း ထည့်ပေးထားတယ်လို့ဆိုပါတယ်
OpenAI လည်း AI ပြိုင်ပွဲမှာ Browser နဲ့ ထပ်ဝင်လာပြန်ပါပြီ တလောက တင် အသစ်မိတ်ဆက်ထားတဲ့ Video တွေထုတ်ပေးနိုင်တဲ့ Sora2 Model ရဲ့အရှိန်ကလည်း မသေသေးပါဘူး

image