သင်ဟာ ကိုယ် ပြောချင်တာနဲ့ ခံစားချက်တွေကို ပိုပြီးတိတိကျကျပြောတတ်ဖို့ ၊ ဒါမှမဟုတ် ပျက်သွားတဲ့ဆက်ဆံရေးတွေကို ပြန်တည်ဆောက်ဖို့နဲ့ ဆက်ဆံရေးအသစ်တွေ စတင်ဖို့ ၊ ဒါမှမဟုတ် ခက်ခဲတဲ့စကားဝိုင်းတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ လေ့လာဖို့ ဒီစာအုပ်ကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်ပါတယ် ။
တကယ်လို့ သင့်ရဲ့ ပြောဆိုဆက်ဆံပုံကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ ခံစားရပြီး အခုချက်ချင်း လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် လမ်းညွှန်ချက်တွေ လိုအပ်နေတယ်ဆိုရင်တော့ ဒီစာအုပ်က သင့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးနိုင်တယ်ဆိုတဲ့ သတင်းကောင်းကို ပြောပြပါရစေ
ဒီစာအုပ်ထဲက နည်းလမ်းတွေဟာ အိမ်မှာ ၊ အလုပ်မှာ ၊ သူငယ်ချင်း ၊ မိသားစုနဲ့ ချစ်ရသူတွေနဲ့ ဆက်ဆံရေးမှာ အများကြီး အထောက်အကူပြုပါလိမ့်မယ် ။ ကျွန်မကိုယ်တိုင်လည်း စကားဝိုင်းတွေမှာ ဘယ်လိုပြန်ပြောရမလဲ၊ တစ်ဖက်လူကို စိတ်ထဲကနေ မဝေဖန်ဘဲ အာရုံစိုက်ပြီး နားထောင်ရမလဲဆိုတာ သင်ယူဖို့ အခက်အခဲတွေ ရှိခဲ့ဖူးပါတယ် ။ ဒါကြောင့် ဒီစာအုပ်ထဲမှာ အလွယ်တကူ လိုက်နာကျင့်သုံးနိုင်မယ့် နည်းလမ်းတွေကို အသေးစိတ် ဖော်ပြပေးထားပါတယ် ။
#ဉာဏ်သာထင်လင်း #ဗုဒ္ဓအလိုကျလူမူဆက်ဆံရေးပညာ