တက္ကဆက်ပြည်နယ် ဩစတင် (Austin) မြို့ရှိ Travis ကောင်တီ အကျဉ်းထောင်မှာ Amos Nyanway ဆိုသူဟာ ပြစ်ဒဏ်စီရင်ရေးအရာရှိတစ်ဦးဖြစ်ပါတယ်
သူဟာ အကျဉ်းသားတစ်ဦးအား ကြက်တောင်ပံကြော်တွေ ခိုးယူသွင်းပေးခဲ့ပြီး ငွေကြေးယူခဲ့တဲ့အတွက် ပြုပြင်ရေးဆိုင်ရာ အဆောက်အအုံတစ်ခုထဲသို့ တားမြစ်ပစ္စည်းသွင်းခြင်းပုဒ်မနဲ့ စွဲချက်တင်ခံထားရပြီး ထောင်ဒဏ် ၆ လ နဲ့ ဒဏ်ငွေ ဒေါ်လာ ၂,၀၀၀ အထိ ချမှတ်ခံရနိုင်ချေရှိပါတယ်
စုံစမ်းစစ်ဆေးမှုတွေအရ Nyanway ဟာ ထောင်ပြင်ပရှိ လူတွေ နဲ့ ချိတ်ဆက်ပြီး အကျဉ်းသားတစ်ဦးထံ ကြက်တောင်ပံကြော်တွေပို့ဆောင်ပေးရန်အတွက် ငွေပေးချေမှုကို လက်ခံခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်
အရာရှိ Nyanway ဟာ စုံစမ်းစစ်ဆေးမှုကာလအတွင်း အုပ်ချုပ်ရေးခွင့် နဲ့ အနားပေးခြင်းခံခဲ့ရပြီး နောက်ဆုံး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရာထူးမှ
ထုတ်ပယ်ခံခဲ့ရပါတယ်
အကျဉ်းထောင်အုပ်ချုပ်ရေးမှူးက ဒီလို တာဝန်မဲ့တဲ့ ပြစ်မှုကျူးလွန်မှုအတွက် စိတ်ပျက်မိကြောင်း နဲ့ လုံခြုံမှုရှိတဲ့ အဆောက်အအုံတွေထဲသို့ မည်သည့်ပစ္စည်းအမျိုးအစားကိုမဆို ငွေကြေးရယူပြီး သွင်းခြင်းကို လုံးဝ သည်းမခံနိုင်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုခဲ့ပါတယ်
အာဏာပိုင်တွေက ဒီဖြစ်ရပ်ဟာ အန္တရာယ်ဖြစ်စေတဲ့ မူးယစ်ဆေးဝါး ဒါမှမဟုတ် လက်နက် တွေမဟုတ်ပေမဲ့လည်း အစားအသောက်လို သေးငယ်တဲ့ ပစ္စည်းတစ်ခုကပင် အကျဉ်းထောင်အတွင်း လုံခြုံရေးစည်းကမ်းတွေကို ချိုးဖောက်ပြီး အဂတိလိုက်စားမှု နဲ့ စည်းကမ်းပျက်ပြားမှုတွေကို ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးလိုက်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts