iPhone မှာတောင် Speaker (2) လုံးပါတာပါ အခု အသစ်ထွက် Redmi ဖုန်းက Speaker (3) လုံးပါတယ်
Redmi K90 Pro Max တဲ့ Redmi က ဒီနှစ်မှာ သူ့ရဲ့ နောင်တော် Xiaomi 17 Pro Max လိုပဲ လူစိတ်ဝင်စားမယ့် နာမည်ပြောင်းလဲမှုလေး တချို့လုပ်ထားတယ်
K90 Series မှာ K90 နဲ့ K90 Pro Max ပါလာမယ် Speaker (3) လုံးပါမှာက K90 Pro Max ပါ ဒါပေမယ့် ဖုန်းနှစ်ခုလုံးကတော့ Tuned by Bose ဖြစ်ပါတယ်
Snapdragon 8 Elite Gen 5 လို နောက်ဆုံးထွက် Flagship SoC ကိုသုံးပေးထားတာက ဒီဖုန်း Lineup ကို သဘောကျကြတဲ့ အချက်ဖြစ်မယ်ထင်တယ်
7560 mAh Battery ကိုမှ 100W Fast Charging စနစ်နဲ့ တွဲဖက် အသုံးပြုပေးထားတယ်
50W Wireless Charging တောင် အဆစ်ထပ်ပါသေးတယ်ဗျာ
Display ကလည်း AMOLED 120Hz ဖြစ်သေးတယ်
Speaker ကိုဆက်ရမယ်ဆိုရင် Bose နဲ့ ပူးပေါင်းထားတယ် ပြောတယ် Audio ပိုင်းမှာ နာမည်ကြီး ဘရန်းပဲ
K90 Pro Max မှာက Total Output Power 7W ထွက်မှာဆိုတော့ Mini Speaker တစ်လုံး နီးပါး အသံထွက်ကောင်းမယ်ထင်တယ်ဗျ 2.1 Stereo System ဖြစ်မယ် ကျောဘက်မှာက Bass Unit နဲ့ ထုံးစံအတိုင်း Speaker (2) ခုပေါ့
Speaker တစ်ခု အပိုပါလို့ ဖုန်းထူမယ်မထင်နဲ့ 8.3mm ပဲရှိတယ်
ကင်မရာပိုင်းမှာလည်း 50MP Triple Camera ကိုသုံးပေးထားပြီးတော့ 5x Periscope လဲရဦးမယ်ဆိုတော့သူ့ရဲ့စျေးတန်းအရဆိုရင် အရင်ခေတ်က Flagship Killer Vibe စစ်စစ်ကို ပြန်ရတဲ့ဖုန်းတစ်လုံးလို့ ဆိုရမှာပါ
#redni #tech #phone #smartphoen #k90 #bose #speaker