8 ပတ် - ဘာသာပြန်ပါ။

အိုင်ကာဒီရဲ့ ဇနီးဟောင်းဝန်ဒါနာရာရဲ့ ရေလာမြောင်းပေးခံရပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြုံနေရတဲ့ ချဲလ်ဆီးစတားအန်ဇိုဖာနန်ဒက်ဇ်
=====================

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဝန်ဒါနာရာရဲ့ ရေလာမြောင်းပေး မက်ဆေ့ချ်အပို့ခံရာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကြားထဲသို့ ရောက်ရှိလို့ နေပါတယ်။

မော်ရိုအိုင်ကာဒီရဲ့ ဇနီးဟောင်း အသက် ၃၈ နှစ်ရှိ ဝန်ဒါနာရာဟာ အာဂျင်တီးနားက Celebrity MasterChef မှာ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

လက်ရှိအချိန်တွင် အန်ဇိုဖာနန်ဒက်ဇ်နှင့် ကာလရှည်ကြာ လက်တွဲလာတဲ့ ငယ်ချစ်ဗလန်တီနာကာဗန်တက်စ်က ယင်း Celebrity MasterChef မှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

ဝန်ဒါနာရာဟာ Celebrity MasterChef ပြိုင်ပွဲဝင် ဗလန်တီနာကာဗန်တက်စ်ရဲ့ ချစ်သူ အန်ဇိုဖာနန်ဒက်ဇ်အား စနှိုက်ကြော်ရန် ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားသတင်းစာ La Nacion က ဖာနန်ဒက်ဇ်ဟာ သူ့အား ဝန်ဒါနာရာဘက်က ပေးပို့လာတဲ့စာကို ချစ်သူအား ပြသလိုက်ရမှာ ဝန်ဒါနာရာနှင့် ကာဗန်တက်စ်တို့အကြား ပြဿနာတက်လာကြောင်း ဖော်ပြသွားပါတယ်။

ဝန်ဒါနာရာက ပေးပို့လာတဲစာတွင် "ရှင့်ကို ရပ်ကွက်ထဲမှာ တွေလိုက်ရတယ်။ ဆန္ဒရှိရင် ငါ့ဆီ စာရေးပါဦး"လို့ ရေးသားထားပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ ဖာနန်ဒက်ဇ်က ဝန်ဒါနာရာဆီ စာပြန်မပို့တဲ့အပြင် ယင်းစာကို ချစ်သူအား ပြသလိုက်ပါတယ်။
ဝန်ဒါနာရာဟာ သူမရဲ့ စနှိုက်ကြော်မှု မအောင်မြင်တဲ့အပြင် အရှက်ပါ ကွဲခဲ့ရပါတယ်။
တဖက်မှာ အသက် ၂၅ နှစ်ရှိ ဗလန်တီနာကတော့ သူမနှင့် ဝန်ုဒါနာရာအကြား ပြဿနာတက်နေတယ်ဆိုတဲ့သတင်းတွေကို ဝေဖန်ထားပါတယ်။

သူမက "ဒါ(သတင်း)ကို တွေ့တယ်။ ဒါမဟုတ်ပါဘူး။ ဘာစာမှလည်း မတွေ့ပါဘူး။ အန်ဇိုကလည်း ဘာနဲ့ပတ်သက်ပြီးတော့မှ ကျွန်မကို မပြောဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဘာမှ မပြောပါဘူး"လို့ ဆိုသွားပါတယ်။

ဝန်ဒါနာရာဟာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မက်ဆီလိုပက်ဇ်နှင့် လက်ထပ်ထားစဉ်အတွင်း ခင်ပွန်းဟောင်းရဲ့ ကစားဖော် အိုင်ကာဒီနှင့် ဇာတ်လမ်းရှုပ်ပါတယ်။ ယင်းနောက် သူမဟာ အိုင်ကာဒီနှင့် လက်ထပ်ခဲ့ပြီး ဆယ်စုနှစ် တစ်နှစ်ခုအကြာ ပြီးခဲ့တဲ့နှစ်မှာတော့ တရားဝင်လမ်းခွဲခဲ့ပါတယ်။

သူမဟာ အိုင်ကာဒီနှင့် လမ်းခွဲလိုက်ပြီးနောက် အဆိုတော် L-Gante နှင့် တွဲခဲ့ပေမယ့် ယခုနှစ် အစောပိုင်းတုန်းက ပြတ်သွားခဲ့ပါတယ်။

သူမဟာ အိုင်ကာဒီရဲ့ ပီအက်စ်ဂျီကစားဖော်ဟာကီမီနှင့်လည်း အသံထွက်ခဲ့ပါသေးတယ်။

ဖာနန်ဒက်ဇ်နှင့် ဗလန်တီနာတို့ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက တွဲလာတာ ဖြစ်ပြီး သားတစ်ဦး၊ သမီးတစ်ဦး ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဖာနန်ဒက်ဇ်နှင့် ဗလန်တီနာတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက လမ်းခွဲခဲ့ကြပါတယ်။

image
image
image
image