မြန်မာ-တရုတ်နယ်စပ် မုန်အားဂိတ်အားယာယီပိတ်

မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်သော ပန်ဆန်း(မုန်အားဂိတ်)အား ပြန်လည်ပြုပြင်ကာ အဆင့်မြှင့်တင်မှုများပြုလုပ်မည်ဖြစ်၍ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းအား နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာဆောင်ရွက်မည်ဖြစ်၍ နယ် စပ်ရေးရာကူးသန်းရောင်းဝယ်ရေးစင်တာကို (၃)လခန့် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်သော်လည်း လူအဝင်/အထွက်နှင့် ကားများ၊ စီးပွားရေးကုန်စည်အကြီးစားသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်၍ နယ်စပ်ဒေသနေသူများ၊ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများသည် (၂၀၀)နံပတ်လမ်းဘက်ရှိ သတ်မှတ်နေရာများ၌လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

image