မိုင်ယာမီလာလီဂါပွဲဖျက်လိုက်ရမှုအတွက် ကစားသမားများသမဂ္ဂကို လာလီဂါ တရားစွဲလာ
=====================

လာလီဂါဟာ မိုင်ယာမီတွင် ကစားမယ့် လာလီဂါပွဲ ဖျက်သိမ်းလိုက်ရအောင် လာလီဂါကစားသမားများ သပိတ်မှောက်ဆန္ဒပြမှုအတွက် စပိန်ကစားသမားများသမဂ္ဂ(AFE) ကို တရားစွဲဆိုလာတော့မှာ ဖြစ်ပါတယ်။

လာလီဂါဟာ AFE နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် တရားစွဲဆိုရန် စီစဉ်လာကြောင်း Mundo Deportivo က ဖော်ပြလာပါတယ်။

AFE ဟာ မိုင်ယာမီတွင် ဗီလာရီးရဲလ်နှင့် ဘာစီလိုနာတို့ရဲ့ လာလီဂါပွဲအား မကစားအောင် ကစားသမားများအား ပြီးခဲ့တဲ့အပတ် လာလီဂါပွဲစဉ်များရဲ့ ပွဲအစ ၁၅ စက္ကန့်ကို မကစားစေဘဲ သပိတ်မှောက် ဆန္ဒပြရန် လှုံဆော်ခဲ့တာလည်း ဖြစ်ပါတယ်။

လာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်က လာလီဂါပွဲများတွင် ကစားသမားများ ယင်းသို့ ကွင်းအတွင်း သပိတ်မှောက်မှုမှာ တရားမဝင်ကြောင်း AFE ဥက္ကဌဒေးဗစ်အေဂန်ဇိုအား သတိပေးမှု ပြုလုပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒေးဗစ်အေဂန်ဇိုက ကစားသမားများဘက်က ယင်းသို့ သပိတ်မှောက်မှုမှာ လာလီဂါဘက်က ပါဝင်တဲ့ အဖွဲ့ပေါင်းစုံ ဆွေးနွေးမှု ပြုလုပ်ခြင်း မရှိဘဲ မိုင်ယာမီတွင် လာလီဂါပွဲကစားရန် ဆုံးဖြတ်မှုအတွက် တုံ့ပြန်မှုတစ်ခုသာ ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အေဂန်ဇိုက "ကျွန်တော်တို့ သပိတ်မှောက်တာ ဘယ်လို ဖြစ်တယ်ဆိုပြီး သူ ပြောခဲ့တာနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ ရိုးရိုးလေး အမူအရာတစ်ခု ပြခဲ့တာပါ။ သပိတ်နဲ့ဘာမှ မဆိုင်ပါဘူး။ သူက တရားရုံးမှာ ရှင်းမယ်လို့ ပြောတယ်။ တရားရုံးက ဆုံးဖြတ်လိမ့်မယ်လို့ သူ တကယ့်ကို ရှင်းရှင်းလေး ပြောသွားတယ်"လို့ ပြောကြားသွားပါတယ်။

image