လာမည့် သရက်ရာသီတွင် သရက်သီးများကို အနှစ်ပြုလုပ် ၍ ပြည်ပသို့ တင်ပို့သွားရန် စီစဉ်

လာမည့် သရက်ရာသီတွင် သရက်သီးများကို ပြည်ပသို့ အလုံးလိုက်တင်ပို့မည့်အစား အနှစ်ပြုလုပ်၍ ဦးစားပေးတင်ပို့သွားရန် စီစဉ်နေကြောင်း မြန်မာ့သရက်သီး ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ သိရသည်။

ပြည်ပဈေးကွက်အသစ်များ ရှာဖွေပြီး ပြည်တွင်း၌ သရက်သီးများကို အနှစ်ပြုလုပ်ကာ တင်ပို့ခြင်းက ပိုမိုအဆင်ပြေနိုင်သည် ဟု ဆိုသည်။

ယမန်နှစ်ကစပြီး ပြည်ပသို့ သရက်သီးအနှစ်များကို စမ်းသပ် တင်ပို့လျက်ရှိပြီး ၊ သရက်သီးများကို စည်သွပ်ဘူးများနှင့်ထည့်သွင်းကာ အေးခဲအောင်ပြုလုပ်ပြီး တင်ပို့ခဲ့ရာမှာ ဈေးကောင်းရခဲ့ကြောင်း သိရသည်။

စိန်တလုံး၊ မချစ်စု၊ ပတ္တမြား၊ ငမောက်သရက်သီးများကိုနှစ်စဉ် ရုရှား၊ စင်ကာပူသို့ အလုံးလိုက် တင်ပို့နေရာ ယမန်နှစ်က အနည်းငယ်သာ တင်ပို့နိုင်ခဲ့ပြီး အမျိုးအစားနှင့် အရည်အသွေးအလိုက် တစ်တန်လျှင် ငွေကျပ် (၁၀)သိန်းမှ သိန်း(၂ဝ) ကြားရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့သရက်သီးများကို ပြည်ပသို့ အလုံးလိုက်တင်ပို့လျက်ရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်မှုများ ဆောင်ရွ က်ပြီး ဈေးကွက်သစ်များ ရှာဖွေလျက်ရှိရာ ရုရှားနိုင်ငံအနေဖြင့် မြန်မာ့သရက်သီးအနှစ်ကို တန်ချိန် တစ်သောင်းတင်သွင်း ရယူလိုကြောင်း အသိပေးထားကြောင်း သိရသည်။

image
image
image