KK Park ဝင်ရောက်စီးနင်းခံရပြီးနောက် မဲဆောက်ကို နိုင်ငံခြားသား ၅၀၀ ကျော် တိမ်းရှောင်လာ

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ KK Park က အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို နိုင်ငံခြားသား ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

၎င်းတို့ကို ထိုင်းလုံခြုံရေးအာဏာပိုင်တွေ ဖွင့်လှစ်ထားတဲ့ ယာယီခိုလှုံရေးစခန်း ၄ ခုမှာ နေရာချထားပေးပြီး လက်ရှိမှာ နေရာပြည့်လုနီးပါး ဖြစ်နေကြောင်း သိရပါတယ်။

အောက်တိုဘာ ၂၃ ရက် တစ်နေ့လုံးမှာ ထွက်ပြေးတိမ်းရှောင်သူအရေအတွက် မြင့်တက်လာမယ်လို့လည်း မျှော်လင့်ရကြောင်း Khaosod News က ဖော်ပြထားပါတယ်။

image