ဦးကိုကိုကြီး၊ ဒေါ်သက်သက်ခိုင်၊ ဒေါ်စန္ဒာမင်းတို့ ရန်ကုန်မြို့ပေါ်က ဝင်ပြိုင်မည်
ဒီဇင်ဘာ (၂၈)ရက်တွင် စတင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လူသိများသည့် နိုင်ငံရေးသမားများ ဖြစ်သည့် ဦးကိုကိုကြီး၊ ဒေါ်သက်သက်ခိုင်၊ ဒေါ်စန္ဒာမင်းတို့သည် ရန်ကုန်မြို့ ပေါ်ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်အရွေးချယ်ခံ ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးသည် လမ်းမတော်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်းအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ဒေါ်သက်သက်ခိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပမြို့နယ်များပါဝင်သည်။
ထိုနည်းတူ ဒေါ်စန္ဒာမင်းသည် လသာမြို့နယ်မှတဆင့် တသီးပုဂ္ဂလအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်လည်း ဖြစ်သည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင် UEC က လာမည့် ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြုဝင်ပြိုင်မယ့်သူများနှင့် တသီးပုဂ္ဂလဝင်ပြိုင်ကြမည့် လွှတ်တော်
ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅,၀၀၀) ကျော်အနက် စိစစ်ပြီး အရည်အချင်းပြည့်မီသူများကို အောက်တိုဘာ (၁၉) ရက်မှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထုတ်ပြန်ပေးနေသည်။


