ထရန့်နဲ့ ရှီကျင်းပင် တောင်ကိုရီးယားမှာ ထိပ်သီးဆွေးနွေးမယ်
အောက်တိုဘာ ၂၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ လာမယ့်ကြာသပတေးနေ့မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တောင်ကိုရီူယားမှာ တွေ့မယ်လို့ အိမ်ဖြူတော်က ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်က ပြောပါတယ်။
ထရန့်ဟာ ဂျပန်ဝန်ကြီးချုပ် တာကာအိချိနဲ့ တွေ့ဆုံပြီးနှစ်ရက်အကြာမှာ ရှီကျင်းပင်နဲ့တွေ့ဆုံမှာဖြစ်ပြီး ထရန့်ဟာ တနင်္ဂနွေနေ့မှာတော့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ ထရန့်ဟာ တောင်ကိုရီးယားကို လေယာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး နောက်ပိုင်းမှာ သမ္မတ လီဂျေးမြောင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး တောင်ကိုရီးယားမှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နဲ့ ဆက်စပ်ဆွေးနွေးပွဲတွေ တက်ရောက်မယ်လို့ ဆိုပါတယ်။
နောက်တနေ့ဖြစ်တဲ့ ကြသပတေးနေ့မှာတော့ ထရန့်ဟာ တရုတ်သမ္မတ ရှီကျင်ူပင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရှီကျင်းပင်နဲ့ တွေ့ဆုံရာမှာတော့ ရုရှားရေနံတွေ တရုတ်က ဝယ်ယူမှုရပ်တန့်ရေးနဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို ဖိအားပေးဖို့တွေ တိုက်တွန်းမယ်လို့ ဒေါ်နယ်ထရန့်က ပြောဆိုထားပါတယ်။
ဒါအပြင် တရုတ်နိုင်ငံ့ ယခုလအစောပိုင်းမှာ ကြေညာခဲ့တဲ့ မြေရှားသတ္တုတွေ တင်ပို့မှုအပေါ် ပိုမိုတင်းကျပ်တဲ့ ပို့ကုန်ထိန်းချုပ်မှု အစီအမံတွေနဲ့ပတ်သက်ပြီး တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားထားပါတယ်။