14 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မြန်မာ့နိုင်ငံရေးအခြေအနေကို အာဆီယံထရွိုင်ကာဆွေးနွေးပွဲအုပ်စုဝင်နိုင်ငံများ ယနေ့ ဆွေးနွေးမည်
(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကာလ အတွင်း အာဆီယံ၏ ထရွိုင်ကာဆွေးနွေးပွဲ အုပ်စုဝင် နိုင်ငံများက မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ဆွေးနွေးမည်ဖြစ်ကြောင်းမလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မက် ဟာဆန်က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အာဆီယံ၏ မြန်မာ့နိုင်ငံရေးဆိုင်ရာ ထရွိုင်ကာဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
အာဆီယံအဖွဲ့သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွကအာဆီယံ ထရွိုင်ကာ ဆွေးနွေးပွဲယန္တရားကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ထရွိုင်ကာဆွေးနွေး ပွဲများ၌ လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၊ အလှည့်ကျဥက္ကဋ္ဌဟောင်း နိုင်ငံနှင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရမည့် နိုင်ငံများ ပါဝင်ခဲ့သည်။
လာမည့် အာဆီယံထိပ်သီးညီလာခံ ကာလ၌ ကျင်းပမည့် ထရွိုင်ကာ မြန်မာ့အရေး ဆွေးနွေးပွဲတွင် လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှား နိုင်ငံနှင့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရယူရမည့် ဖိလစ်ပိုင်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်ကြမည်ဖြစ်သည်။
အထက်ပါ ထရွိုင်ကာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ မကြာသေးမီကမှ ပေါ်ပေါက်ခဲ့သော ဖြစ်ပေါ် ပြောင်းလဲမှုများနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
(၄၇)ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံကို အောက်တိုဘာ ၂၆ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည် ဖြစ်သည်။
ရေး-ဗျည်းနွဲ့
ကိုးကား-Bernama

image