14 w - Translate

#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ထိုင်းရှိ ရေသန့်စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက်ညပ်မိပြီး လက်ဖြတ်လိုက် ရသော်လည်း လျော်ကြေးမရ

ထိုင်းနိုင်ငံ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေ သော မြန်မာအလုပ်သမား မဝင်းဝင်းအေး သည်လုပ်ငန်းခွင်တွင် စက်ညပ်မိပြီး ညာဘက်လက် တံတောင် ဆစ်အပေါ်မှ ဖြတ် လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။

သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ညာ ဘက်လက် ဆုံးရှုံးသွားသည့် အတွက် နစ်နာကြေးရရှိရန် အောက်တိုဘာ ၂၁ ရက် က WAG အဖွဲ့ထံ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

မဝင်းဝင်းအေးသည် ဇွန် ၂ ရက်တွင် လုပ်ငန်းခွင်အတွင်း ရေသန့် ကိုင်သည့် စက်လည်ပြီး ညာဘက် လက်နှင့်ဆံပင်များညပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက် လက်တံတောင်ဆစ်အပေါ် မှဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မဝင်းဝင်းအေးနည်းတူ ထိုင်း နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားလေးဦးသည် လုပ်ငန်းခွင် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေး နေကြောင်း WAG အဖွဲ့မှ သိရသည်။

image