အောင်ရတနာဆေးရုံမီးပွိုင့်အနီး အမျိုးသမီးတစ်ဦး သွေးအန်သေဆုံး
--------------------
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံ မီးပွိုင့်အနီးမှာ အောက်တိုဘာလ ၂၃ ရက် မနက်ပိုင်းက အမျိုးသမီးတစ်ယောက် ရုတ်တရက် သွေးအန်သေဆုံးသွားတယ်လို့ Medical လူငယ်များ လူမှု ကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြချက်အရ သိရပါတယ်၊၊
သေဆုံးသူဟာ အသက်(၂၉)နှစ်အရွယ် ပန်းရောင်းချတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သားသမီး (၅)ယောက် ရှိ တယ်လို့ ဆိုပါတယ်၊၊ သေဆုံးရုပ်အလောင်းကိုတော့ Medical လူငယ်များ လူမှုကူညီရေး အသင်းယာဉ်နဲ့ သင်္ယန်းကျွန်းမြို့နယ်၊ စံပြ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊ ပုံ-Medical လူငယ်များ လူမှုကူညီရေးအသင်း