ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနှင့်အတူ သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတဲ့ ဖရန့်လမ်းပတ်
=====================

ချဲလ်ဆီးဂန္ထဝင်ဖရန့်လမ်းပတ်ဟာ ဗုဒ္ဓဟူးနေ့ညမှာတော့ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနှင့်အတူ ချန်ပီယံရှစ်မှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။

ကိုဗင်ထရီဟာ ဖရန့်လမ်းပတ်ရဲ့ ဦးဆောင်မှုနှင့်အတူ ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်အဖွင့်ပွဲ ၁၁ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းသစ်ရေးထိုးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဗင်ထရီဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ပို့စ်မောက်အား အဝေးကွင်းတွင် ဘရန်ဒန်သောမတ်စ်အေဆန်တီရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ၂- ၁ ဖြင့် အနိုင်ရရှိကာ ချန်ပီယံရှစ်အဖွင့်ပွဲ ၁၁ ပွဲဆက် ရှုံးပွဲမရှိမှတ်တိုင်သစ် စိုက်လာတာပါ။

ဖရန့်လမ်းပတ်ဦးဆောင်တဲ့ ကိုဗင်ထရီဟာ ၂၀၂၅-၂၆ ရာသီအဖွင့်ပွဲတွင် ဟားလ်စီးတီးနှင့် သရေကျပြီးနောက် ဒါဘီကောင်တီ၊ ကျူပီအာတို့အား ၂ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ယင်းနှစ်ပွဲတွင် ကိုဗင်ထရီတို့ ၁၂ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

ယင်းနောက်တွင် ကိုဗင်ထရီဟာ နောက် ၃ ပွဲဆက် သရေကျပြီးနောက် ပိုစ်မောက်နှင့်ပွဲအထိ ၅ ပွဲဆက် နိုင်ပွဲ ရရှိလာခဲ့ပါတယ်။
ကိုဗင်ထရီဟာ ချန်ပီယံရှစ်အဖွင့်ပွဲ ၁၁ ပွဲတွင် ၇ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အဖွင့်ပွဲ ၁၁ ပွဲတွင် ၂၅ မှတ် ရရှိကာ ကလပ်သမိုင်းတွင် အကောင်းဆုံးတာထွက် ပိုင်ဆိုင်ထားပါတယ်။

ကိဗင်ထရီဟာ ၂၅ မှတ်ဖြင့် ချန်ပီယံရှစ်ကို ဦးဆောင်ထားနိုင်ပြီး ဒုတိယနေရာမှ မစ်ဒယ်ဘရော့အား ၁ မှတ်ဖြတ်ထားနိုင်ပါတယ်။

image