☸ ဂွေးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
သရက်သီးနဲ့ ယှဉ်ရင် ဂွေးသီးက ပိုပြီး အရည်ရွှမ်းသလို ကယ်လိုရီ ပါဝင်မှု ပိုလျော့နည်းကာ အမျှင်ဓာတ်ပါဝင်မှု ပိုများပါတယ်။ ဂွေးသီးကို အလွယ်တကူ ဝယ်ယူလို့ ရသလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရှိတာကိုလည်း တွေ့ရပါတယ်။ ဂွေးသီးမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်စေတယ်ဆိုတာ လေ့လာကြည့်ရအောင်....
➡(၁) ကယ်လိုရီ ပါဝင်မှု လျော့နည်းခြင်း
ဂွေးသီးဟာ ကယ်လိုရီပါဝင်မှုအ လွန်နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ၁၀ဝ ဂရမ်အလေးချိန်ရှိတဲ့ ဂွေးသီးတွေမှာ ၂၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ သရက်သီးက ၁၀ဝ ဂရမ်မှာ ၆၄ ကယ်လိုရီပါ ဝင်တာကြောင့် သရက်သီးနဲ့ယှဉ်ရင် ဂွေးသီးမှာ ကယ်လိုရီ နှစ်ဆနီးပါး လျော့နည်းမှု ရှိပါတယ်။ ဒါကြောင့် ကယ်လိုရီများများ မရရှိဘဲ အစာစားချင်စိတ် ကို ကျေနပ်မှု ရရှိစေကာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ရရှိစေပါတယ်။
➡(၂) အမျှင်ဓာတ် ပါဝင်မှု မြင့်မားခြင်း
ဂွေးသီးမှာ အမျှင်ဓာတ်များများပါဝင် ပါတယ်။ဂွေးသီး ၁၀ဝ ဂရမ်ပမာဏမှာ အမျှင်ဓာတ် ၅ ဒသမ ၇ ဂရမ်ပါဝင်တာ ကြောင့် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓာတ်ရဲ့ ၂၃ ရာခိုင်နှုန်း ကို ရရှိစေပါတယ်။ ဂွေးသီးမှာပါတဲ့ အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန်သွားစေတာ၊အူမကြီးရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာနဲ့ ဝမ်းချုပ်ခြင်း ကင်းစေတာစတဲ့ အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အမျှင်ဓာတ်ဟာ အစာကြေညက်ခဲတာကြောင့် ဆာလောင်မှုကို ထိန်းချုပ်ထားပါတယ်။ အမျှင်ဓာတ်ပါဝင် မှုမြင့်မားတဲ့ ဂွေးသီးစားတာကြောင့် ဆီးချို သွေးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။
➡(၃) ဗီတာမင်စီ ပါဝင်မှု များခြင်း
ဂွေးသီး တစ်ခြား ပမာဏမှာ ဗီတာမင်စီ တစ်နေ့တာလိုအပ်တဲ့ အတိုင်းအတာရဲ့ တစ်ဝက်နီးပါး ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာတွေအတွက် လိုအပ်ပါတယ်။ ကော်လာ ဂျင်တည်ဆောက်မှုအတွက် လိုအပ်သလို အနာကျက်စေပါတယ်။ ဗီတာမင်စီ က အရေးကြီးတဲ့ အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး ဆဲလ်တွေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးကာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ် နိုင်ခြေကို လျော့ကျစေပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားစနစ် ကျန်းမာရေးအတွက် အရေးပါသလို ခန္ဓာကိုယ်က သံဓာတ် စုပ်ယူနိုင်အောင်လည်း ကူညီပါတယ်။
➡(၄) သံဓာတ် ပါဝင်မှု များခြင်း
ဂွေးသီးမှာ သံဓာတ်ပါဝင်မှု မြင့်မားပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်ပို့ဆောင်ရေးအတွက် မရှိ မဖြစ် သတ္တုဓာတ်တစ်မျိုးပါ။ ကမ္ဘာပေါ်မှာ သံဓာတ်ချို့တဲဲ့တဲ့ သွေးအားနည်းရော ဂါ အဖြစ်များပါတယ်။ ဂွေးသီး ၁၀ဝ ဂရမ်မှာ သံဓာတ် ၃ ဒသမ ၂ မီလီဂရမ်ပါ ဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်ပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ရရှိစေပါတယ်။
➡(၅) ကယ်လ်စီယမ် ပါဝင်ခြင်း
ဂွေးသီး ၁၀ဝ ဂရမ်မှာ ကယ်လ်စီ ယမ် ၃၂ မီလီဂရမ်ပါဝင်တာကြောင့် တစ်နေ့တာ လိုအပ်တဲ့ ပမာဏရဲ့ သုံးရာခိုင်နှုန်းကို ရရှိစေပါတယ်။ ကယ်လ်စီယမ် ဟာ အရိုးတွေ ကို သန်စွမ်းကျန်းမာစေတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ပုံမှန်ကြွက်သား လုပ်ငန်းတွေနဲ့ နာ့ဗ်သယ်ယူပို့ဆောင်ရေးအတွက် ကယ်လ်စီယမ် အလုံအလောက် မှီဝဲဖို့ လိုအပ်နေပါတယ်။