Rapunzel
◾Disney ကာတွန်း
- Rapunzel ရဲ့ မျက်ရည်က မင်းသား Flynn Rider ကို ကုသပေးခဲ့ပြီး Happy Ending ဖြစ်သွားတယ်။
- မိခင်ကြီး ဂိုသဲလ် (Gothel) က အသက်ကြီးရင့်သွားပြီး ပြုတ်ကျ thay ဆုံးသွားတယ်။
🇩🇪 မူရင်း ပုံပြင် (ဂျာမနီ)
- ရဲတိုက်အောက်မှာ Rapunzel နဲ့ ချစ်ကြိုက်နေတဲ့ မင်းသားကို စုန်းမကြီးက တွေ့သွားပါတယ်။
- နောက်နေ့ကျ Rapunzel ရဲ့ ဆံပင်ကို စုန်းမကြီးက ညှပ်ပစ်လိုက်တယ်။ ဗိုက်ကြီးကြီးနဲ့ Rapunzel ကို တောနက်ထဲမှာ စွန့်ပစ်လိုက်တယ်။ တောထဲမှာပဲ Rapunzel က ဆင်းရဲချို့တဲ့စွာ ကလေး ၂ ယောက်မွေးတယ်။
- မင်းသား ထပ်ရောက်လာတဲ့အခါ စုန်းမက Rapunzel ဟန်ဆောင်ပြီး ဆံပင်ကို ပေးချလိုက်တယ်။ မင်းသားက အပေါ်ရောက်တော့ မဟုတ်မှန်း သိတဲ့အခါ လန့်သွားတယ်။ စုန်းမက မင်းသားကို ရဲတိုက်ကနေ တွန်းချလိုက်ရပါတယ်။
- တွန်းချလိုက်တဲ့အတွက် မျက်လုံးတွေက ဆူးပင်တွေနဲ့ ထိုးမိပြီး ကန်းသွားတယ်။
- နောက်နှစ်အနည်းငယ်ကြာမှ မျက်ကန်းဖြစ်နေတဲ့ မင်းသားဟာ တောထဲမှာ သီချင်းဆိုသံကြားတာကြောင့် Rapunzel ကို အမှတ်မထင် ပြန်တွေ့ဆုံပြီး Rapunzel ရဲ့မျက်ရည်တွေက သူ့မျက်လုံးကို ပြန်လည်မြင်နိုင်အောင် ကုသပေးခဲ့ပါတယ်။