အိန္ဒိယနိုင်ငံ၊ Uttar Pradesh (ယူပီ) ပြည်နယ်၊ Sitapur ခရိုင်က Meraj ဆိုသူ အမျိုးသားတစ်ဦးဟာ သူ့ဇနီး Naseemun ကို အံ့သြထိတ်လန့်စရာကောင်းတဲ့ စွပ်စွဲချက်တစ်ခုနဲ့ အာဏာပိုင်တွေဆီ တိုင်ကြားခဲ့ပါတယ်။
၎င်းက ညဘက်ရောက်တာနဲ့ သူ့ဇနီးဟာ မြွေ (Nagin) အဖြစ်ကို ပြောင်းလဲပြီး သူ့ကို လိုက်လံကိုက်ခဲဖို့ ကြိုးစားလေ့ရှိကြောင်း၊ ဒါကြောင့် သူ အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း ပြောဆိုခဲ့ပါတယ်။ သူဟာ ဇနီးဖြစ်သူက သူ့ကို တစ်ကြိမ်ကိုက်ဖူးပြီးပြီလို့လည်း အခိုင်အမာပြောကြားပါတယ်။
ဒီထူးဆန်းတဲ့ တိုင်ကြားချက်ကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးက စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပေမဲ့၊ ဇနီးဖြစ်သူ Naseemun ကတော့ ဒါတွေအားလုံးကို ငြင်းဆန်ပြီး ခင်ပွန်းဖြစ်သူ Meraj က အိမ်ထောင်ပြုဖို့ အကြောင်းရှာနေတာ နဲ့ အမွေတောင်းပြီး နှိပ်စက်နေတာ ကြောင့် ခုလို လုပ်ကြံပြောဆိုနေတာဖြစ်ကြောင်း ပြန်လည်စွပ်စွဲထားပါတယ်။ ဒီအမှုကို ရဲတပ်ဖွဲ့က စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု ဖြစ်နိုင်ခြေအဖြစ်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။
ဘယ်လိုထင်လဲ? ဒီလိုမျိုး ထူးဆန်းတဲ့အဖြစ်အပျက်တွေက တကယ်ပဲ ဖြစ်နိုင်ပါ့မလား၊ ဒါမှမဟုတ် တခြား
အိမ်တွင်းရေး ပြဿနာတွေကြောင့်လား?