ပိုလန်နိုင်ငံ ကရာကော့ဗ်မြို့အနီးရှိ ဗီယဲလစ်ဇ်ကာ ဆားတွင်းရဲ့ မြေအောက် ၁၂၅ မီတာ (ပေ ၄၀၀ ကျော်) အနက် မှာ မိုင်းတွင်းလုပ်သားတွေစားသောက်ကြတဲ့ Karczma Górnicza အမည်ရစားသောက်ဆိုင် တစ်ဆိုင်ရှိပါတယ်
စားသောက်ဆိုင်တစ်ခုလုံးဟာ ဆားကျောက်တုံးကြီးတွေအတွင်း ထွင်းထုထားပြီး နံရံ၊ ကြမ်းပြင် နဲ့ ပရိဘောဂ အချို့ကိုတောင် ဆားတွေနဲ့ ပြုလုပ်ထားပါတယ်
ဒီနေရာဟာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ (UNESCO World Heritage Site) ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာကြောင့် အစားအသောက်စားနေစဉ်တွင် သတ္တုတူးဖော်ရေးသမိုင်းရဲ့ အငွေ့အသက်တွေကို ခံစားရနိုင်ပါတယ်
မြေအောက်ရှိ လေထုဟာ အပြင်လေထုထက် ပိုမိုသန့်ရှင်းပြီး ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေမရှိပါဘူး အဲ့တာကြောင့် ဒီနေရာမှာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ယူဆကြပါတယ်
Karczma Górnicza စားသောက်ဆိုင်မှာ ပိုလန် ရိုးရာဟင်းလျာတွေ အဓိက ရရှိနိုင်ပါတယ် ဟင်းလျာအားလုံးကို မြေအောက်ရှိ မီးဖိုချောင်မှာဘဲ ချက်ပြုတ်ပြင်ဆင်ပြီး မိုင်းလုပ်သားတွေ အသုံးပြုတဲ့ ဓာတ်လှေကားတွေနဲ့အစားအသောက် ကုန်ကြမ်းတွေကို အောက်သို့ ပို့ဆောင်ပေးရပါတယ်
ဒီစားသောက်ဆိုင်ဟာ သာမန် ခရီးသွားတွေအတွက်သာမက အကြီးစားပွဲတွေ ဧည့်ခံပွဲတွေ နဲ့ မင်္ဂလာပွဲတွေ ပြုလုပ်ရန်အတွက်ပါ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်
ဆားတွင်းသို့ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေဟာ ဒီစားသောက်ဆိုင်မှာ စားသောက်ခြင်းဖြင့် မြေအောက်ကမ္ဘာရဲ့ထူးခြားတဲ့ အလှတရား နဲ့ သမိုင်းဝင် အငွေ့အသက်ကို တစ်ပြိုင်နက် ခံစားနိုင်ပါတယ်