အနားမှာ ဘယ်သူမှမရှိလည်း တစ်ယောက်တည်း ဖြစ်အောင် နေရတာပဲမလား ၊ တစ်ယောက်တည်း ဖြစ်အောင် နေရတာချင်း အတူတူ “သူမရှိရင် မဖြစ်ဘူး ၊ သူရှိမှ ဖြစ်မယ်” ဆိုတာမျိုးတွေးပြီး စိတ်ပင်ပန်းခံမနေပါနဲ့ ။
ဘယ်လောက်ချစ်တဲ့သူပဲဖြစ်ဖြစ် ကိုယ့်အနားမှာ အချိန် ပြည့်တော့ ရှိနေမပေးနိုင်ပါဘူး ။ တစ်ချိန်မဟုတ်တစ်ချိန်တော့ ခွဲနေရမှာပါပဲ ။ ရှင်သန်ချိန်မှာ မခွဲရလည်း သေချိန်ကျရင်တော့ သေချာပေါက် ခွဲရမှာပဲလေ ။
သူများကို မှီခိုချင်တဲ့စိတ် ၊ အားကိုးချင်တဲ့စိတ် ၊ ဖက်တွယ်ချင်တဲ့စိတ် ၊ သူမရှိရင် မဖြစ်ဘူးဆိုတဲ့စိတ် အဲဒီစိတ်တွေဟာ ကိုယ့်ခွန်အားကို ချည့်နဲ့စေတတ်သလို ကိုယ့်ဘဝကိုလည်း ယိုင်နဲ့ပြိုလဲစေတတ်ပါတယ် ။ ဒါကြောင့် ကိုယ့်အနားမှာ ဘယ်သူမှရှိရှိ ၊ မရှိရှိ အဆင်ပြေအောင် နေပါ ၊ နေတတ်အောင် နေပါ ။ ဘယ်သူ့ကိုမှ အလွန်အကျွံ အားမကိုးပါနဲ့ ။ ဘယ်သူ့ကိုမှ အရမ်းကြီး ဖက်တွယ်မထားပါနဲ့ ။ ဘယ်သူ့ကိုမှ သိပ်ပြီး တမ်းတမနေပါနဲ့ ။ ဘယ်သူ့ကိုမှ သူ မရှိရင် မဖြစ်ဘူးဆိုတဲ့စိတ် မမွေးပါနဲ့ ။
#မောင်ဘုန်း (သပြု)