ဒေးဗစ်ဖလားပြိုင်ပွဲကို ဆင်နာဝင်ပြိုင်မည်မဟုတ်
-----------------------
ကမ္ဘာ့အဆင့်-၂ အီတလီတင်းနစ်သမား ဆင်နာဟာ အီတလီနိုင်ငံမှာ ကျင်းပမယ့် ဒေးဗစ်ဖလားအသင်းလိုက် ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။ ဆင်နာဟာ လွန်ခဲ့တဲ့ ၂ နှစ် ခန့်က အီတလီအသင်းကို ဒေးဗစ်ဖလားမှာ ချန်ပီယံဆုရအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် လာမယ့်တင်းနစ်ရာသီ အတွက် ပြင်ဆင်ချင်တာကြောင့် နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဘိုလော့နာမြို့မှာကျင်းပမယ့် ဒေးဗစ်ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။
ဒေးဗစ်ဖလားပြိုင်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ချက်က လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ပါဘူးလို့ ဆင်နာက ဝန်ခံသွားခဲ့ပြီး လာမယ့်နှစ် ဩစတြေးလျအိုးပင်းမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် အခုလို ဆုံးဖြတ်လိုက် တာဖြစ်တယ်လို့ ပြောသွား ပါတယ်။ အသက် ၂၄ နှစ် အရွယ် ဆင်နာဟာ ၂၀၂၅ ခုနှစ်အတွင်း ဂရင်းစလမ်ပြိုင်ပွဲ ၄ ခုစလုံးမှာ ဗိုလ်လုပွဲ အဆင့်ကို ရောက်ခဲ့ပြီး ဩစတြေးလျအိုးပင်းနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အီတလီအသင်းမှာ ဆင်နာ ပါဝင်ကစားမှာမဟုတ်ပေမယ့် စပိန်အသင်းဘက်မှာတော့ ကမ္ဘာ့အဆင့်-၁ တင်းနစ်သမား အယ်ကာရက်ဇ် ပါဝင် ကစားမှာဖြစ်တယ်လို့ သိရပါတယ်။