1 ပတ် - ဘာသာပြန်ပါ။

အာကာသ ပုံရိပ်ရိုက်ကူးရတာ ဝါသနာပါသူတွေအတွက် ဥတ္တရအလင်းတန်း (Aurora light) နဲ့ ကြယ်တံခွန် (Comet ) ကိုရ်ိုက်ကူးယူနိုင်ဖို့ဆိုတာ အိမ်မက်တစ်ခုဖြစ်ပြီး ပြည့်ဝသွားဖို့ ခက်ခဲလှတဲ့ ပန်းတိုင်တစ်ခုလည်းဖြစ်ပါတယ်။
ဒါပေမယ့် မနေ့က အောက်တို့ဘာ ၂၁ ရက်နေ့မှာတော့ စကော့တလန်နိုင်ငံက ဓာတ်ပုံဆရာ တစ်ယောက်ဖြစ်တဲ့ Alan C.Tough ဟာဥတ္တရအလင်းတန်းလို့ခေါ်ကြတဲ့ Aurora light နဲ့ ကြယ်တံခွန် (comet) နှစ်ခုစလုံးကို တစ်ညတည်းမှာရှားရှားပါးပါး အာကာသဓါတ်ပုံ အဖြစ်ရိုက်ကူးနိင်ခဲ့ပါတယ်။
သူရိုက်ကူးခဲ့တဲ့ ကြယ်တံခွန်ဟာ Comet C/ 2025 A6 (lemmon) ဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့ကကမ္ဘာနဲ့ အနီးဆုံးကို ချဉ်းကပ်လာစဉ်မှာ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။
ကြယ်တံခွန် Comet lemmon ဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ နေအနားကိုရောက်ရှိမှာဖြစ်ပါတယ်။
ဒီအာကာသဓါတ်ပုံ တွေကိုတော့ Astrophotographer တစ်ဦးဖြစ်တဲ့ Alan C tough က DSLR camera နဲ့ 14 mm lens/150 mm lens တွေ ကို အသုံးပြုပြီး သူရဲ့နေအိမ်အနားက စကော့တလန်နိုင်ငံ ကွင်းပြင်တစ်ခုကနေ ရိုက်ကူးယူခဲ့တာဖြစ်ပါတယ်။
Comet C/2025 A6 ဟာ ကြယ်တံခွန်တစ်ခုဖြစ်ပြီး နေကို နှစ်ပေါင်း ၁၃၅၀ ကိုတစ်ကြိမ် လှည့်ပတ်နေတာ ပဲဖြစ်ပါတယ်။
သူ့အကြောင်း အသေးစိတ်ကိုတော့ အောက်က comment မှာ သွားရောက်ဖတ်ရူ့နိုင်ပါတယ်။
~ MASES / Soe pyae htat
Photo credit : Alan C. Tough (astrophotography)

image