#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ရုရှားဓာတ်ငွေ့ဝယ်ယူမှု ၂၀၂၈ ခုနှစ်တွင် ရပ်တန့်ရန် အီးယူတာဝန်ရှိသူများ သဘောတူ
ရုရှားရေနံနှင့်သဘာ၀ဓာတ်ငွေ့များ ဝယ်ယူ တင်သွင်းမှုကို ၂၀၂၈ ခုနှစ် ဇန်နဝါရီလမှစ၍ ရပ်တန့်ရေး အဆိုပြုချက်ကို ဥရောပသမဂ္ဂ(အီးယူ) စွမ်းအင်ဝန်ကြီးများက သဘောတူထားကြောင်း အီးယူကောင်စီ က အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အထက်ပါ အဆိုပြုချက်အရ အီးယူအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစ၍ ရုရှားနိုင်ငံ နှင့် ဓာတ်ငွေ့တင်ပို့မှု သဘောတူညီချက် သစ်များရယူမှုကို စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
အီးယူနိုင်ငံများနှင့် ရုရှားနိုင်ငံတို့အကြား ရယူ ထားသောဓာတ်ငွေ့ဝယ်ယူရေး သဘောတူညီချက်များ အနက် ရေတိုကာလသဘောတူညီချက်များမှာ ၂၀၂၆ ခုနှစ် ဇွန်လအထိ သက်တမ်းရှိပြီး ရေရှည်
သဘောတူညီချက်များမှာ ၂၀၂၈ ခုနှစ် ဇန်နဝါရီလ အထိသက်တမ်းရှိကြောင်း အီးယူတာဝန်ရှိသူများက ပြောကြားထားသည်။
ရုရှားနိုင်ငံအနေဖြင့် ရေနံနှင့်သဘာ၀ဓာတ် ငွေ့တင်ပို့ရောင်းချမှုများမှ ရရှိသောဝင်ငွေများဖြင့် ယူကရိန်း ကျူးကျော်စစ်အတွက် စစ်စရိတ်ဖြည့် ဆည်းနေကြောင်း ဥရောပသမဂ္ဂကပြောကြားထား သည်။
ရုရှားရေနံနှင့် သဘာ၀ဓာတ်ငွေ့ဝယ်ယူတင်သွင်းမှုရပ်ဆိုင်းရေးဥပဒေကြမ်းပါ အပြီးသတ်အချက် အလက်များနှင့်ပတ်သက်၍ ဥရောပပါလီ မန်၌ ဆက်လက်ဆွေးနွေးဦးမည်ဖြစ်သည်။အီးယူနိုင်ငံများ သဘာ၀ဓာတ်ငွေ့လိုအပ် ချက် စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းကို ရုရှားနိုင်ငံက တင်ပို့ရောင်းချ ပေးနေခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားနိုင်ငံသည် အီးယူနိုင်ငံများ သဘာ၀ဓာတ်ငွေ့လိုအပ်ချက် စုစုပေါင်း၏ ၄၅ ရာခိုင် နှုန်းထိကို ဖြည့်ဆည်းပေးခဲ့သည်။
ကိုးကား-ရိုက်တာ

image