#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
⬛ကန်ချနာဘူရီခရိုင်တွင် ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်မိရာမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် အောက်တိုဘာ ၂၁ ရက်က ကားတစ်စီး ဓာတ်တိုင်ဝင်တိုက်မိရာမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦး ဖမ်းဆီးခံခဲ့ရ ကြောင်း ဒေသတွင်း သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ကန်ချနာဘူရီခရိုင် ထောင်းဖာဖုမ်မြို့နယ် ဘန့်ဖူးပရာဒူကျေးရွာအုပ်စု အတွင်းတွင် အောက်တိုဘာ ၂၁ ရက် ညနေပိုင်း၌ ကားတစ်စီးသည် အရှိန် လွန်ရာမှ ဓာတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ခဲ့ပြီး ကားအတွင်းတွင် နယ်စပ်မှ တရားမဝင်လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးဖမ်းဆီးခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကားသည် မြန်မာရွှေ့ ပြောင်းလုပ်သားများကို ဝှက်၍ တင်ဆောင်လာ သော အနက်ရောင် ဖော်ကျူနာ (Fortuner) ကားဖြစ်ပြီး အဝေးပြေးလမ်းမ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ လမ်းကွေ့၌ ချော်ထွက်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး ယာဉ်မောင်းမှာ တောထဲသို့ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။
ကားပေါ်တွင် မြန်မာအမျိုးသားခုနစ်ဦးနှင့် အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လာအို အမျိုးသမီးတစ်ဦးလည်း ပါဝင်နေပြီး ဖမ်းဆီးရမိသည့် အလုပ်သမား ၁၅ ဦးကို ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။