1 w - Translate

Blu-ray discs အချပ် ၇၀၀၀ စာ သိုလှောင်နိုင်တဲ့ 5D ဖန်ချပ် တီထွင်ဖန်တီး
ဆောက်သမ်တန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဒေတာအချက်အလက်ပေါင်း 360 တီရာဘိုက် (360,000 ဂစ်ဂါဘိုက်)အထိ သိုလှောင်နိုင်တဲ့ 5D ဖန်ချပ်တစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။
ပျက်စီးယိုယွင်းခြင်းမရှိဘဲ ဒေတာတွေကို နှစ်ဘီလျံပေါင်းများစွာ သိုလှောင်ထားနိုင်မယ့် ဖန်ချပ်ဟာ 5D နည်းပညာဖြစ်ပြီး ဒေတာသိုလှောင်နိုင်စွမ်း ပမာဏကတော့ Blu-ray discs အချပ် ၇၀၀၀ စာ အရွယ်အစား ရှိပါတယ်။
နည်းပညာမြင့် နာနိုဖွဲ့စည်းပုံ (nanostructured)ဖန်ချပ်ကို အလွန်မြန်ဆန်တဲ့ လေဆာနည်းပညာနဲ့ ပေါင်းစပ်ဖန်တီးထားတာပါ။ အပူဒဏ်ခံနိုင်တဲ့အပြင် နှစ်ပေါင်းများစွာ တာရှည်ခံနိုင်စွမ်းရှိတာကြောင့် ဒေတာသိုလှောင်မှုပိုင်းမှာ ထူးခြားတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာမယ်လို့ သတ်မှတ်ခံထားရပါတယ်။
Ref: 360 terabytes on a glass disc that could last forever

image