2 ပတ် - ဘာသာပြန်ပါ။

ရေမြင်းထီးတွေဟာ ၎င်းတို့ရဲ့ ဩဇာအာဏာ ကိုပြသဖို့ နဲ့ ရေမြင်းမတွေကို ဆွဲဆောင်ဖို့ အတွက် အလွန်ထူးခြားတဲ့ အပြုအမူကို ပြုလုပ်လေ့ရှိကြပါတယ် ဒီအပြုအမူကို Muck-Spreading (မစင်ပက်ဖျန်းခြင်း) လို့ ခေါ်ကြပါတယ်
ရေမြင်းထီးတွေဟာ မစင်စွန့်နေစဉ်မှာ ၎င်းရဲ့အမြီးကို ရဟတ်ယာဉ်ပန်ကာ လို လျင်မြန်စွာဝှေ့ယမ်းလည်ပတ်ပါတယ် အဲ့လိုလည်ပတ်ခြင်းကြောင့် မစင် နဲ့ ဆီးတွေဟာ လေထဲကနေ ပျံ့နှံ့ပက်ဖျန်းသွားပြီး ၎င်းတို့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေပါတယ် ဒီအပြုအမူကို ရေမြင်းထီးတွေဟာ ရေထဲတွင်သာမက ကုန်းပေါ်တွင်ပါ ပြုလုပ်လေ့ရှိပါတယ်
သိပ္ပံပညာရှင်တွေ နဲ့ သုတေသီတွေက ဒီလိုထူးဆန်းတဲ့ အပြုအမူပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက် (၂) မျိုး ရှိတယ်လို့ ဆိုကြပါတယ် အဲ့တာတွေကတော့ ရေမြင်းထီးတွေဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရေပြင် ဒါမှမဟုတ် မြစ်ကမ်းနား နယ်မြေတွေကို မစင်အနံ့နဲ့ အမှတ်အသားပြုလုပ်ကြပါတယ်
ဒီအနံ့ဆိုးတွေဟာ ပြိုင်ဘက်ရေမြင်းထီးတွေအား ၎င်းတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို သိရှိစေပြီး နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေးတဲ့ သဘောဖြစ်ပါတယ်
နောက်တစ်ချက်ကတော့ မစင်ပက်ဖျန်းပြသဟာ ရေမြင်းမတွေကို ဆွဲဆောင်ဖို့ဖြစ်ပါတယ် ရေမြင်းမတွေအတွက် ဒီလုပ်ရပ်ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု နဲ့ ကျန်းမာရေးအချက်ပြမှု တစ်ခုဖြစ်ပါတယ် အားကောင်းပြီး တက်ကြွတဲ့ စွမ်းဆောင်ရည်ရှိတယ်လို့ထင်ကြပြီး ဒီရေမြင်းအထီးဟာ ကျန်းမာကြောင်း နဲ့ မျိုးပွားရန် ပိုမိုသင့်လျော်ကြောင်း ထင်စေပါတယ်
ရေမြင်းမ တွေဟာ ဒီအနံ့တွေ နဲ့ အပြုအမူတွေကြောင့် ဩဇာလွှမ်းမိုးနိုင်ပြီး မျိုးရိုးဗီဇကောင်းမွန်တဲ့ ရေမြင်းထီးတွေကို ခွဲခြားသိမြင်နိုင်ပါတယ်
ဒါကြောင့် ရေထဲမှာဖြစ်ဖြစ် ကုန်းပေါ်မှာဖြစ်ဖြစ် ၄င်းတို့ နယ်မြေ နဲ့ ခွန်အားကို ပြသရန်အတွက် မစင်ပက်ဖျန်းတဲ့ အပြုအမူဟာ ရေမြင်းတွေရဲ့ ဆက်သွယ်ရေး နဲ့ မျိုးပွားမှုစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်

image