တစ်ခုနှင့် တစ်ခု လှည့်ပတ်နေသာ အာကာသတွင်းနက် ၂ ခုကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့
------------------------------------------------------------------------------------

ရန်ကုန်။ ၂၀၂၅၊ အောက်တိုဘာ ၁၉ ရက်
တစ်ခုနှင့် တစ်ခု လှည့်ပတ်နေသာ အာကာသတွင်းနက် ၂ ခုကို သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အာကာသတွင်းနက် ၂ ခုကို ကမ္ဘာဂြိုလ်နှင့် အလင်းနှစ် ၅ ဘီလီယံခန့်အကွာတွင် တည်ရှိသော OJ 287 အမည်ရှိ ကြယ်စုအတွင်း တွေ့ရှိထားခြင်းဖြစ်ပြီး အဆိုပါ ကြယ်စုအတွင်းရှိ ယခုကဲ့သို့ တစ်ခုနှင့် တစ်ခု လှည့်ပတ်နေသာ အာကာသ တွင်းနက် ၂ ခုကို ဖင်လန်နိုင်ငံ တာကူးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခင်ကမူ နိုင်ငံတကာသိပ္ပံပညာရှင်များဟာ မဟာအာကာသ တွင်းနက်များကို တစ်ခုချင်းသာ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး ပညာရှင်များရဲ့ မြေပြင်အခြေစိုက် ရေဒီယိုတယ်လီစကုပ်များကို လ ၊ ကမ္ဘာ နှင့် အခြား ဂြိုလ်တုတစ်စင်းတိုဖြင့် ချိတ်ဆက်ကာ အထက်ပါ အာကာသတွင်းနက် ၂ ခုကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

image