ART ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရန် ကျပ် ၆၀ ဘီလီယံ ထောက်ပံ့ပေးထား
အောက်တိုဘာ ၂၂
HIV ပိုးရှိ လူနာတွေကို ကုသပေးလျက်ရှိတဲ့ ART ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၆၀ ဘီလီယံအထိ တိုးမြှင့်ထောက်ပံ့ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောပါတယ်။
HIV ကူးစက်မှုနဲ့ ကူးစက်ခံရတဲ့ ဦးတည်အုပ်စုတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကွာခြားလျက်ရှိတယ်လို့ ဆိုပါတယ်။