ရေပူမရရှိမှုအတွက် အက်သလက်တီကိုအား အာဆင်နယ် တောင်းပန်လာ
====================

အာဆင်နယ်ဟာ အမ်းမရိတ်ကွင်းတွင် အက်သလက်တီကိုမက်ဒရစ်ကစားသမားများ လေ့ကျင့်ခန်းဆင်းပြီးနောက် ရေချိုးချိန်တွင် ရေပူမရရှိမှုကြောင့် ဟိုတယ်ပြန်ပြီး ရေချိုးခဲ့ရမှုအတွက် တောင်းပန်လာပါတယ်။

ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းအရ ဧည့်သည်အသင်းများဟာ ချန်ပီယံလိဂ်ပွဲမတိုင်မီ တစ်ရက်အလို ညနေပိုင်းတွင် အိမ်ရှင်အသင်းကွင်းတွင် လေ့ကျင့်ခန်းဆင်းခွင့် ရရှိခဲ့ပါတယ်။

အက်သလက်တီမက်ဒရစ်ဟာ ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ တနင်္လာနေ့မှာတော့ အမ်းမရိတ်ကွင်းတွင် လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။

ကစားသမားများဟာ လေ့ကျင့်ခန်းဆင်းအပြီး အမ်းမရိတ်ကွင်း အဝတ်အစားလဲခန်းမှ ရေချိုးခန်းအား အသုံးပြုချိန်တွင် ရေပူ မရရှိဘဲ ရေအေးစနစ်သာ ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း အက်သလက်တီကိုကစားသမားများဟာ အမ်းမရိတ်အဝတ်အစားလဲခန်းမှ ရေချိုးခန်းကို အသုံးပြုနိုင်ခဲ့ခြင်း မရှိဘဲ ဟိုတယ်သို့ ပြန်ကာ ရေချိုးခဲ့ပါတယ်။

အက်သလက်တီကိုဟာ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းမှာ ကမ္ဘာ့အဆင့်ကွင်းတစ်ကွင်းဖြစ်ပေမယ့်လည်း ရေပူစနစ် မရရှိမှုအတွက် အကြီးအကျယ်ဒေါသထွက်ကာ ယူအီးအက်ဖ်အေထံ တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။

ယခုအခါမှာတော့ အာဆင်နယ်တာဝန်ရှိသူများဟာ ရေအေးစနစ်သာ ရရှိမှုအတွက် အက်သလက်တီကိုမက်ဒရစ်အား တောင်းပန်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲနှစ်ပွဲလုံး အနိုင်ရရှိထားပြီး ဂိုးတစ်ဂိုးမျှ မပေးထားရသေးပါဘူး။ အက်သလက်တီကိုကတော့ အဖွင့်ပွဲတွင် လီဗာပူးကို ရှုံးနိမ့်ခဲ့ပေမယ့် ဖရန့်ဖတ်အား အနိုင်ရရှိထားပါတယ်။

image