ပြီးဆုံးသွားတဲ့အရာကို
ပြီးဆုံးသွားတဲ့အတိုင်းပဲ
ထားလိုက်တာ ကောင်းပါတယ် ...
အစကပြန်စပြန်ရင်လဲ
အစကနေ နောက်တစ်ကြိမ်ထပ်ပြီး
နာကျင်ရရုံလွဲလို့
ဘာမှ ရှိမနေတော့ဘူးလေ ။
ကိုယ်ကိုယ်တိုင်ကိုက
မပြတ်သားနိုင်ခဲ့တဲ့
ဆက်ဆံရေးတစ်ခုမှာ
အနာကျင်ခံပြီး ကပ်တွယ်နေခဲ့တာလဲ
ကြာပြီလေ ...
နောက်ဆုံး
ချန်ထားရစ်ခံရပြီးတဲ့နောက်မှာတောင်
တစ်နေ့နေ့ဆိုပြီး
မျှော်လင့်နေမိနေသေးတဲ့ ကိုယ်
ဒီဇာတ်လမ်းက
ဒီတိုင်းလေး
အဆုံးသတ်သွားတာပဲ ကောင်းပါတယ် ။
#ကျေးကို