2 ပတ် - ဘာသာပြန်ပါ။

၁၂ ပွဲဆက် ဂိုးသွင်းကာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အကောင်းဆုံးစံချိန်ကို လိုက်မီလာတဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာ မနေ့ညတုန်းက ဗီလာရီးရဲလ်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် မန်စီးတီးအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အကောင်းဆုံးစံချိန်တစ်ခုကို လိုက်မီလာခဲ့ပါတယ်။

အာလင်းဟာလန်းဟာ မန်စီးတီးရဲ့ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး ယခုအခါ ကလပ်နှင့် နိုင်ငံအတွက် ၁၂ ပွဲဆက် ဂိုးသွင်းယူထားနိုင်ပြီလည်း ဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကစားသမားဘဝအတွင်း အကောင်းဆုံးမှတ်တမ်းဖြစ်တဲ့ ၁၂ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းကို လိုက်မီလာတာပါ။

အာလင်းဟာလန်းဟာ ယခုရာသီတွင် ကလပ်နှင့် နိုင်ငံအတွက် ၁၄ ပွဲကစားထားရာမှာ ၂၄ ဂိုးအထိ သွင်းထားနိုင်ပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ မနေ့ညက ဗီလာရီးရဲလ်နှင့် အဝေးကွင်းနိုင်ပွဲကြောင့် ပြိုင်ပွဲအရပ်ရပ် ၉ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းလည်း ရရှိလာပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ပလေးအော့ဖ်အဆင့်မှ ထွက်ခဲ့ရတဲ့ မန်စီးတီးဟာ ယခုရာသီ ချန်ပီယံလိဂ် ၃ ပွဲကစားပြီးချိန်တွင် ၂ ပွဲနိုင် ၁ ပွဲသရေဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

၎င်းတို့ဟာ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒီဇင်ဘာလတွင် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရပါမယ်။
မန်စီးတီးဟာ ဗီလာရီးရဲလ်နိုင်ပွဲကြောင့် ချန်ပီယံလိဂ်အဝေးကွင်း ၅ ပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

image