2 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်သမိုင်းတွင် ချန်ပီယံလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ အန်တိုနီဂေါ်ဒွန်

အန်တိုနီဂေါ်ဒွန်ဟာ မနေ့ညတုန်းက မော်ရင်ဟိုရဲ့ ဘင်ဖီကာအား အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နယူးကာဆယ်သမိုင်းတွင် ချန်ပီယံလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

နယူးကာဆယ်ဟာ မနေ့ညတုန်းက စိန့်ဂျိမ်းစ်ပါ့ခ်တွင် မော်ရင်ဟိုဦးဆောင်တဲ့ ဘင်ဖီကာအား ဂေါ်ဒွန်ရဲ့ ဂိုး၊ ဟာဗေးဘန်းစ်ရဲ့ ၂ ဂိုးဖြင့် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အန်တိုနီဂေါ်ဒွန်ဟာ မနေ့ညက ဂိုးကြောင့် ယခုရာသီ နယူးကာဆယ်အတွက် ချန်ပီယံလိဂ် ၃ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းထားနိုင်တဲ့အပြင် ကလပ်သမိုင်းတွင် ချန်ပီယံလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

မနေ့ညက ပွဲတွင် အန်တိုနီဂေါ်ဒွန်ဟာ ပွဲချိန် ၃၂ မိနစ်မှာ ကစားဖော်မာဖီရဲ့ အနိမ့်ဖြတ်တင်ဘောကနေ အမှားအယွင်းမရှိ ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ညကပွဲတွင် နောက်ထပ် ထူးခြားတာကတော့ နယူးကာဆယ်ဂိုးသမားနစ်ပုပ်ဟာ ဟာဗေးလ်ဘန်းစ် ဒုတိယဂိုးသွင်းယူနိုင်အောင် လက်ပစ်ဘောဖြင့် ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အက်ဒီဟောင်းဦးဆောင်တဲ့ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်တွင် ၇ ဂိုးတည်းသာ ရရှိပြီး ဂိုးအနည်းဆုံးသွင်းယူနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ၃ ပွဲကစားပြီးချိန်မှာပင် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

မနေ့ညက ပွဲတွင် နယူးကာဆယ်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှု ၁၉ ကြိမ်အထိ ပြုလုပ်ခဲ့ရာမှာ ဂိုးပေါက်တည့်မှု ၁၀ အထိ ရှိခဲ့ပြီး ပြိုင်ဘက်အသင်းဧရိယာအတွင်း ဘောလုံးထိမှု ၃၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

image