ချန်ပီယံလိဂ်တွင် ဘယ်အသင်းမှ မရဖူးတဲ့ စံချိန်ကို ရရှိလာတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ မနေ့ညတုန်းက အက်သလက်တီကိုအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ်တွင် ဘယ်အသင်းမျှ မရရှိဖူးတဲ့ စံချိန်တစ်ခု ပိုင်ဆိုင်လာခဲ့ပါတယ်။
အာတီတာဦးဆောင်တဲ့ အာဆင်နယ်ဟာ မနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် အက်သလက်တီကိုအား ၄-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ်တွင် စပိန်ကလပ်များအား ၇ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ မှတ်တမ်း ရရှိလာတာလည်း ဖြစ်ပါတယ်။
ယခင်တုန်းက ချန်ပီယံလိဂ်တွင် စပိန်ကလပ်များကို ၇ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ကလပ် မရရှိခဲ့ဖူးပါဘူး။
ဒါပေမယ့် အာတီတာ ဦးဆောင်တဲ့ အာဆင်နယ်ဟာ အက်သလက်တီကိုအား အနိုင်ရရှိပြီးချိန်မှာတော့ ချန်ပီယံလိဂ်တွင် စပိန်ကလပ်များအား ၇ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ ပထမဆုံးကလပ် ဖြစ်လာပါတယ်။
အာတီတာရဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ၁၅ ကြိမ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အား အိမ်ကွင်း/အဝေးကွင်း ၂ ပွဲလုံး အနိုင်ရရှိမှုအပါအဝင် ဂီရိုနာ၊ ဆီဗီလာ၊ ဘီလ်ဘာအိုတို့အား အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၁၅-၁၆ ရာသီတုန်းက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ဘာစီလိုနာကို ရှုံးနိမ့်တုန်းက နောက်ဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်တွင် စပိန်ကလပ်အား အနိုင်မရခဲ့တာ ဖြစ်ပါတယ်။