2 ပတ် - ဘာသာပြန်ပါ။

မင်းသားဝန်ဘင်း (ထယ်စောက်) ရဲ့တူမအရင်းဖြစ်တဲ့ တက်သစ်စမင်းသမီး
သရုပ်ဆောင်အလုပ်မလုပ်တော့တာကြာပြီဖြစ်တဲ့ ထိပ်တန်းကိုရီးယားမင်းသားဝန်ဘင်း (ထက်စောက်) ရဲ့တူမအရင်းက တက်သစ်စမင်းသမီး ဟန်ဂါယူဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို မင်းသမီးရဲ့အေဂျင်စီက အတည်ပြုပေးခဲ့တာပါ။
ဟန်ဂါယူ က ၂၀၂၂ ခုနှစ်မှာ အဆိုတော် နမ်ယောင်ဂျိုရဲ့ "Again,Dream" သီချင်းမှာ ပါဝင်ရင်း ပွဲဦးထွက်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့အေဂျင်စီ Story J Company ဟာ ဟန်ဂါယူ ကို အကန့်အသတ်မရှိလုပ်ဆောင်နိုင်စွမ်းရှိတဲ့ မင်းသမီးတစ်ယောက်အဖြစ် ဖော်ပြရင်း သူနဲ့ စာချုပ်ချုပ်ဆိုလိုက်တာကို ကြေညာခဲ့ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလမှာတော့ ဟန်ဂါယူက MBC ရုပ်သံလိုင်းရဲ့ To the Moon ဇာတ်လမ်းတွဲမှာ ပထမဆုံးသရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ သူဟာ တိတ်တဆိတ်အနုပညာလမ်းကြောင်းကို လျှောက်လမ်းနေပေမဲ့ မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ ဝန်ဘင်းရဲ့တူမအရင်းဖြစ်တယ်ဆိုတဲ့ အတွင်းရေးကိစ္စက လူအများကို အံ့အားသင့်စေခဲ့ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ Story J Company က တာဝန်ရှိသူတစ်ဦးဟာ Star News ကို "ဟန်ဂါယူက ဝန်ဘင်းရဲ့အစ်မကမွေးတဲ့သမီးဖြစ်ပါတယ်။ သူတို့က ဆွေမျိုးအရင်းအခြားတွေပါ။ ဟန်ဂါယူရဲ့နာမည်အရင်းက ဟွမ်ဂါယူပါ"လို့ အတည်ပြုဖြေကြားသွားခဲ့ပါတယ်။
Ref: Rising actress Han Gaeul confirmed to be actor Won Bin’s niece, real name revealed as Hwang Gaeul

image