ရွှေဂုံတိုင်တံတားအဆင်း ကမ္ဘာအေးလမ်းမပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ကားကြိတ်ခံရ။
အောက်တိုဘာလ ၂၁ရက်(အင်္ဂါနေ့) က ရွှေဂုံတိုင်တံတားအဆင်း ကမ္ဘာအေးဘုရားလမ်းမပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ကားကြိတ်ခံရကြောင်း သိရပြီ တရားခံကားဆရာမှာ ကားမောင်းပြေးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ထိုအမျိုးသမီးငယ်ဟာ အမျိုးသားငယ်တစ်ဦးနဲ့ ရန်ဖြစ်ကြကာ စီးနှင်လာတဲ့ ကားပေါ်မှဆင်းကာ ကားလမ်းမပေါ်တွင် လှဲနေတာဖြစ်ပြီး တံတားပေါ်မှ အရှိန်နဲ့ဆင်းလာတဲ့ ကားကတက်ကြိတ်သွားတာလို့ အနီးအနားမှာရှိတဲ့ မျက်မြင်ကိုယ်တွေ့တွေက ပြောကြားခဲ့ပါတယ်။
အသက်ဆုံးရှုံးသွားသူ အမျိုးသမီးမှာ အသက်အရွယ်အရ (၂၃)နှစ်သာ ရှိသေးပြီးတော့ ဒီဖြစ်စဉ်မဖြစ်ခင် မနက်ပိုင်းမှာ သူ့ရဲ့ ဖေ့ဘုတ်ဆိုရှယ်မီဒီယာမှာ ကလောရောက်နေကြောင်း တင်ထားခဲ့တဲ့ ပုံမှာဆိုရင်လည်း အခင်းဖြစ်ပွားချိန် ဝတ်ဆင်ထားတဲ့ အဝတ်အစားကို ဝတ်ထားတာဖြစ်ပါတယ်။
ဖြစ်ပုံကို ဆက်စပ်ကြည့်မယ်ဆိုရင် ကောင်မလေးဟာ ရည်းစားနဲ့ခရီးသွားတာဖြစ်ပြီးတော့ အပြန်ခရီးလမ်းမှာ ရည်းစားနဲ့စကားများပြီး ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေးနေကြတာတွေလည်း ရှိပါတယ်။
မလင်းပြည့်အိမ်ရဲ့ ရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ၊ ကားကတော့ လူကိုဝင်တိုက်ပြီး မောင်းပြေးသွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။