#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛လစ်ဘရယ်ဒီမိုကရက်တစ်ခေါင်းဆောင် တာကာအိချီ ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ
လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အမျိုးသမီးနိုင်ငံရေးသမား ဆာနာအိ တာကာအိချီကို အောက်တိုဘာ ၂၁ ရက်တွင် ဝန်ကြီးချုပ်သစ်အဖြစ်ဂျပန် အောက်လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ကြောင်း သိရသည်။
ဂျပန်ပြည်ဆန်းသစ်ရေးပါတီနှင့် ညွန့်ပေါင်း အစိုးရဖွဲ့စည်းရေး သဘောတူညီချက်ကို လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ရရှိခဲ့ပြီး တစ်ရက်အကြာတွင် ဂျပန်အောက်လွှတ်တော်က တာကာအိချီကို ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၂၁ ရက် ဂျပန်အောက် လွှတ်တော် မဲခွဲပွဲရလဒ်ကြောင့် အသက်(၆၄)နှစ်အရွယ် တာကာအိချီအနေဖြင့် ဂျပန်နိုင်ငံ၏ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် မှတ်တမ်း ဝင်မည်ဖြစ်သည်။
အောက်တိုဘာ ၂၁ ရက် အောက်လွှတ်တော် မဲခွဲပွဲတွင် ဂျပန်အောက်လွှတ်တော်အမတ် ၄၆၅ ဦး အနက် ၂၃၇ ဦးတို့က တာကာအိချီကို ဝန်ကြီးချုပ် သစ်အဖြစ် ထောက်ခံမဲပေးခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် လွှတ်တော်ရွေးကောက်ပွဲ အရှုံးရလဒ်အတွက် တာဝန်ယူသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အီရှီဘာက ကြေညာခဲ့ပြီးနောက် လစ်ဘရယ် ဒီမိုကရက် တစ်ပါတီအနေဖြင့် တာကာအိချီကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ရသည်။
ဂျပန်ဝန်ကြီးချုပ်သစ် တာကာအိချီသည် ဂျပန်အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်ပြီး မူဝါဒရေး ရာအရ သဘောထားတင်းမာပြတ်သားသော အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။
ကိုးကား-ရိုက်တာ

image