#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛အက်ဖ်-၃၅ တိုက်လေယာဉ် ၁၅ စင်း ဂျာမနီ ထပ်မံဝယ်ယူမည်
မေရိကန် ပြည်ထောင်စုအခြေစိုက် လော့ဟိခ်မာတင်လေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီမှအက်ဖ်-၃၅ အမျိုးအစား တိုက်လေယာဉ် ၁၅ စင်း ထပ်မံဝယ်ယူရန်ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုရီးယပ်စ်က ရည်ရွယ်ထားကြောင်း အောက်တိုဘာ၂၀ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အက်ဖ်-၃၅ တိုက်လေယာဉ်၁၅ စင်း ထပ်မံဝယ်ယူရန် ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားမှု ကို ဂျာမနီလွှတ်တော် သတင်းအရင်းအမြစ်များက မီဒီယာများသို့အတည်ပြုပြောကြားထားသည်။
လွှတ်တော် ဘတ်ဂျက်ကော်မတီ၏ မှတ်တမ်းမှတ်ရာများအရအထက်ပါ အက်ဖ်-၃၅ တိုက်လေယာဉ် ၁၅စင်း၏ စုစုပေါင်းတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံအထိရှိနိုင်ကြောင်း လွှတ်တော် သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။
ဂျာမနီနိုင်ငံသည် သက်တမ်းအိုမင်းနေပြီဖြစ်သော တော်နာဒိုးအမျိုးအစား တိုက်လေယာဉ် ၈၅ စင်းနေရာတွင် အစားထိုး အသုံးပြုရေးအတွက် အက်ဖ်-၃၅ တိုက်လေယာဉ်၃၅ စင်း မှာယူထားပြီး ဖြစ်သည်။
အထက်ပါ မှာယူပြီး လေယာဉ်များအပြင် ၁၅စင်းထပ်မံမှာယူသည့်အစီအစဉ်ရှိသည်ဆိုသော သတင်းများကို ဂျာမနီအစိုးရက ယခင်ကငြင်းပယ်ထားသည်။
အက်ဖ်-၃၅တိုက်လေယာဉ်၁၅ စင်း ထပ်မံဝယ်ယူမည့် ဂျာမနီအစိုးရ၏ အစီအစဉ်ကြောင့် ဂျာမနီနှင့် ပြင်သစ်တို့အကြား တင်းမာမှုများထပ်မံ ပေါ်ပေါက်လာနိုင်သည်။
ပြင်သစ်နှင့် ဂျာမနီတို့သည်ပြင်သစ်၌ တိုက်လေယာဉ်ပုံစံသစ်တစ်မျိုး နှစ်နိုင်ငံ ပူးတွဲထုတ်လုပ်ရေး အတွက် ကြိုးပမ်းရာတွင် သဘောထားအမြင် ကွဲပြားမှုများနှင့် ရင်ဆိုင်နေရသည်။
ကိုးကား- ရိုက်တာ

image