2 w - Translate

◾️ရွှေပြည်သာရှိခေါက်ဆွဲစက်ရုံမီးလောင်၊ အမျိုးသားတစ်ဦးသေဆုံး
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် (၁)၊ ကနောင်မင်းသားကြီး(၂) လမ်းရှိခေါက်ဆွဲစက်ရုံ၌ ယမန်နေ့(အောက်တိုဘာ ၂၀ ရက်) ညသန်းခေါင် ၁၂ နာရီခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း ရွှေပြည်သာမြို့နယ်လူမှုကူညီရေးအသင်းထံမှသိရသည်။
သေဆုံသူမှာ အသက်(၇၈) နှစ်အရွယ်ရှိ ဦးမောင်မောင်ဆိုသူဖြစ်ကြောင်း အဆိုပါအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒယ်နီအိုးထဲဟင်းထည့်နွှေးနေရင်းအိပ်ပျော်သွားတာ။ အိုးအပူလွန်ကဲပြီး မီးလောင်တာပါ။ သေဆုံးသူကမီးလောင်တာမသိဘဲ အိပ်ပျော်နေလို့မီးလောင်သေဆုံးတာပါ” ဟု ၎င်းကပြောသည်။
ယင်းမီးလောင်မှုမှာ ၁၀ မိနစ်ခန့်လောင်ကျွမ်းခဲ့ပြီး ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ Level 1 အဆင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းရှိဖွဲစက်ရုံတွင်လည်း ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက် ၂ နာရီ ၅၀ မိနစ်ခန့်က Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - MFSD
#ပြည်တွင်းသတင်း

image