#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
⬛ဧရာ၀တီတိုင်းတွင် ကြိုးကြာခေါင်းနီငှက်သိုက် ၆၀ ကျော် တွေ့ရ
ဧရာ၀တီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ခြောက်ခုတွင် ကြိုးကြာခေါင်းနီငှက်သိုက် ၆၀ ကျော် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်မှစတင်၍ ကြိုး ကြာခေါင်းနီငှက်များ၏ ကောင်ရေ သားပေါက်မှု အခြေအနေ နေထိုင် ကျက်စားရာနေရာများကို ဒေသခံ ပြည်သူလူထုနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများက ကွင်းဆင်း လေ့လာရေးလုပ်ငန်းနှငထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်စဉ်လုပ်ဆောင်နေခြင်းဖြစ်ရာ ကြိုးကြာခေါင်းနီ ငှက်သားပေါက်ရာသီဖြစ်သည့် ဇူလိုင်လအတွင်းက လက်ရှိ အောက်တိုဘာလ ဆန်းပိုင်းအထိ ကြိုးကြာ ခေါင်းနီငှက်သိုက် ၆၀ ကျော်ကို တွေ့ရှိမှတ်တမ်းတင်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြိုးကြာခေါင်းနီ ငှက်သိုက် ၆၀ ကျော်ကို မအူပင်၊ ပန်းတ နော်၊ အိမ်မဲ၊ ကျိုက်လတ်၊ မော်လမြိုင် ကျွန်းနှင့် ဝါးခယ်မမြို့နယ်တို့ ၌ တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြိုးကြာခေါင်းနီ ငှက်များသည် ဌာနေငှက်မျိုးစိတ်ဖြစ်ပြီး ဧရာ၀တီ၊ စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် တွေ့ရှိရပြီး အထူးသဖြင့် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ သဘာ၀ ရေဝပ်ဧရိယာများနှင့် ရေနက်ကွင်းစပါးစိုက်ခင်းများတွင် အများဆုံးတွေ့ရှိရကြောင်း သိရသည်။
ကြိုးကြာခေါင်းနီငှက်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့၏ Red List အရ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သည့် မျိုးစိတ်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- Myanmar Crane Conservation Group