#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛အမေရိကန်နှင့် ဩစတြေးလျတို့ မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်လက်မှတ်ထိုး
မြေရှားသတ္တုနှင့် အရေးပါ သော တွင်းထွက်များ ထုတ်လုပ် ထောက်ပံ့ရေးအတွက် သဘောတူညီချက် တစ်ရပ်ကို အမေရိကန်နှင့် ဩစတြေးလျတို့က အောက်တိုဘာ ၂၀ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
ယင်းမှ မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်မှုများ ချမှတ်ထားသည့် တရုတ်နိုင်ငံ၏ ဈေးကွက်လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်ရပြီး ဒေါ်နယ်ထရန့်နှင့် ဩစတြေးလျ ဝန်ကြီးချုပ် အယ်ဘာနီစီတို့က အိမ်ဖြူ တော်တွင် လက်မှတ်ရေးထိုးခဲ့ကြ သည်။
သဘောတူညီချက်အရ အမေ ရိကန်နှင့် ဩစတြေးလျတို့သည် ခြောက်လအတွင်း စီမံကိန်းအတွက် ဒေါ်လာ တစ်ဘီလီယံ စတင်အသုံးပြု သွားမည်ဖြစ်ပြီး မြေရှားသတ္တုနှင့် အခြား အရေးပါသော ဓာတ်သတ္တု များ တူးဖော်ခြင်း၊ ပြုပြင်ခြင်းများ အတွက် အမေရိကန်က ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
သဘော တူညီချက်တွင် ဩစတြေးလျ၊ အမေရိကန်နှင့် ဂျပန်တို့ ပူးပေါင်းပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဂယ်လီယမ်ကို ပူးတွဲထုတ်လုပ်မည့် စီမံကိန်းတစ်ခုလည်း ပါဝင်ကြောင်း ဩစတြေးလျဝန်ကြီးချုပ်က ပြောသည်။
ဩစတြေးလျသည် မြေရှား သတ္တုထုတ်လုပ်သည့် အဓိကနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး လက်ရှိသဘောတူညီ ချက်အရ တည်ငြိမ်သည့် ထောက်ပံ့ ရေးကွင်းဆက်ကို ထူထောင်ရန်နှင့် တရုတ်နိုင်ငံအပေါ် မှီခိုအားထား မှုမှ ရုန်းထွက်ရန် အမေရိကန်က ကြိုးပမ်း နေပုံရသည်။
ကိုးကား-အင်န်အိတ်ခ်ျကေ

image