🌻 မခွဲချင်လည်း ခွဲကြရမယ် 🌻
လောကမှာ ဘယ်သူမှ ကိုယ်ချစ်ရတဲ့သူတွေကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ မခွဲချင်ကြဘူး ။ မခွဲခွါချင်ပါဘူးလို့ ငိုယိုပြီး ဆုတောင်းနေလည်း ဆုတောင်းပြည့်မှာ မဟုတ်ဘူး။
ဘာကြောင့်လဲဆိုရင် မွေးဖွားပြီးရင် သေဆုံးရတယ် ။ ဖြစ်ပြီးရင် ပျက်ရတာ ထုံးစံဖြစ်နေတော့ လောကနိယာမတရားကို ဘယ်သူမှ လွန်ဆန်လို့ မရနိုင်လို့ပါ ။
လွန်ဆန်လို့မရတဲ့ လောကကြီးမှာ နေရတာဖြစ်တဲ့အတွက်ကြောင့် အချိန်ကျလာရင် ကိုယ်ချစ်ရတဲ့သူတွေကို မခွဲချင်လည်း ခွဲကြရမယ်။ ကိုယ့်ပိုင်ဆိုင်မှုတွေကိုလည်း မထားချင်လည်း ထားခဲ့ကြရမယ်။ ဘယ်သူမှ ခေါ်ဆောင် ဘယ်အရာကိုမှယူဆောင်သွားလို့မရနိုင်ပါဘူး ။
ဒါကြောင့် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကိုယ်ပိုင်ဆိုင်မှုတွေနဲ့ မခွဲခွါချင်လည်း ခွဲကြရမှာသိနေပြီးဖြစ်တဲ့အတွက်အကြောင့် ဆုံဆည်းခွင့်ရတုန်း ကိုယ်ချစ်ရတဲ့သူတွေနဲ့ မခွဲခွါခင်လေးမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် မေတ္တာတရားတွေနဲ့ နေထိုင်ပြီးတော့ ကိုယ်ပိုင်ဆိုင်မှုတွေကို အများအတွက်အကျိုးရှိရှိ အသုံးပြုပြီးသေရင်ကိုယ့်နောက်ပါမယ့် ကုသိုလ်လေးတွေကို များများပြုနိုင်ကြပါစေ .....။ 🌻

image