ထိုင်းစတိုင် ပဲကြာဇံသုပ်(သို့)အထောင်း
-----------------------------------
ပါ၀င်ပစ္စည်းများ
ပဲကြာဇံ ၁ထုပ် (၁၀၀ ဂရမ်)
ကြက်ရင်ဗုံ ၁ခု (ပြုတ်ထားပေးပြီ အသားနွှင်းထားပါ)
အာလူး ၂လုံး (နူအောင်ပြုတ်ပြီ အရှည် ပါးပါးလှီးပါ)
ခရမ်းချဉ်သီး ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ငရုတ်သီးစိမ်း ၈တောင့် (ညက်အောင် ထောင်းထားပါ)
မြေပဲ စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပါ)
ပုဇွန်ခြောက်မှုန့် စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်မြိတ် စည်း၀က် (ပါးပါးလှီးပါ)
နံနံပင် အနည်းငယ် (ပါးပါးလှီးပါ)
သံပရာရည် စားပွဲတင်ဇွန်း ၁ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တ၀က်
ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ဇွန်း
စလပ်ရွက်
---------------------------------------
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ဆီသပ်ပေးပါ။
၂။ ပဲကြာဇံကို ရေစိမ်ထားပေးပါ။ ပြီလျှင် ပဲကြာဇံကို တ၀က်ဖျက်ပေးပါ။
၃။ ပြီနောက် ဒယ်ထဲ ရေတ၀က်ခန့်ထည့်ပြီ ဆူအောင်တည်ပါ။ ဆူလာလျှင် ပဲကြာဇံများကို ၂မိနစ်ခန့် ထည့်ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
---------------------------------------
သုပ်နည်း
၁။ ပြီလျှင် ပဲကြာဇံကို ပန်းကန်ခွက် တစ်ခုထဲထည့်ပါ။
၂။ ထို့နောက် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်နုယ်ပေးပါ။
၃။ ပြီမှ ဆီသပ်ထားသော ငရုတ်သီးဆီချက်များကို ပဲကြာဇံသုပ် ဇောက်ပန်းကန်ထဲထည့်ပေးပါ။
၄။ ပြီနောက် ကြက်သား၊ ခရမ်းချဉ်သီး၊ အားလူး၊ ပုဇွန်ခြောက်၊ မြေပဲ တို့ကို ထည့်ရောမွှေလိုက်ပါ။
၅။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငါးငံပြာရည်၊ သံပရာရည်တို့ထည့်ပြီသမအောင် ရောမွှေပေးပါ။
၆။ ထို့နောက် အရသာ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်တို့ ဖြူးပေးပြီ အရသာရှိသော ထိုင်းစတိုင် ချဉ်ချိုစပ် ပဲကြာဇံသုပ်ကို သုံးဆောင်နိုင်ပါပြီ