ပြောင်းဖူးပေါင်း🌽လုပ်နည်း ကလေးတော်တော်များများလဲကြိုက်အာဟာရလဲရှိ
------------------
ပြောင်းဖူးကြိုက်တဲ့သူတွေအတွက်
အနံ့မွှေးမွှေးလေးနဲ့ အရသာအရမ်းရှိတဲ့
ပေါင်းဖူးပေါင်းလေးလုပ်စာကြည့်ကြပါနော်
ပြောင်းဖူးဖက်တွေကိုမကွဲထွက်အောင်ခွာပီး
ရေစင်စင်ဆေးပါ။
ပြောင်းဖူးကိုတလွှာချင်းပါးပါးလှီးပါ။ (ပါးနိုင်သမျှပါးပါးလှီးပါ)
ဂျုံမှုံ့၃ဇွန်းထည့်ပါ။
နို့မှုန့်အသေး၁ထုပ်၊ နို့ဆီ၁ဇွန်း၊ ဆားအနည်းငယ်၊
(အချိုကြိုက်တတ်ရင် သကြားထပ်ထည့်လို့လည်းရပါတယ်)
သမအောင်မွှေပီးရင် ပြောင်းဖူးဖက်လေးတွေနဲ့
ထုပ်ပီးပေါင်းပါ။
၁၅မိနစ်လောက်ဆို ကျက်ပါပီရှင်။
ဖက်ကိုဆီနဲနဲသုတ်စေချင်ပါတယ်။ ဆီမသုတ်မိရင် ခွာတဲ့အခါကပ်လို့ပါ။