➡️ ခွေးလေးများရဲ့ အပျိုဖော်၊ လူပျိုဖော် အရွယ်ရောက်မှုဆိုင်ရာအချက်လက်များ
✨ ယေဘုယျအားဖြင့် ခွေးလေးများဟာ အသက် ၆ လ မှ ၁၂ လ (သို့မဟုတ် ၉ လ) ဝန်းကျင်မှာ စတင်လေ့ရှိပါတယ်။
✨ အသေးစားမျိုးစိတ်များ (Small Breeds)
ဒီမျိုးစိတ်များဟာ အစောဆုံး ၆ လ ဝန်းကျင်တွင် (တစ်ခါတစ်ရံ ၄ လ သို့မဟုတ် ၅ လ လောက်မှာပင်) အရွယ်ရောက်နိုင်ပါတယ်။
✨ အလတ်စားနှင့် အကြီးစားမျိုးစိတ်များ (Medium/Large Breeds)
ဒီမျိုးစိတ်များကတော့ ၉ လ မှ ၁၂ လ အတွင်းမှာ အရွယ်ရောက်တတ်ပြီး အသေးစားမျိုးစိတ်များနဲ့ ယှဉ်ရင်တော့ အရွယ်ရောက်ဖို့ ပိုနှေးတတ်ပါတယ်။
✨ ဧရာမမျိုးစိတ်များ (Giant Breeds)
သူတို့ကတော့ အနှေးဆုံးဖြစ်ပြီး ၁၈ လ မှ ၂ နှစ် (၂၄ လ) အထိ အရွယ်ရောက်ဖို့ ပိုကြာမြင့်နိုင်ကြပါတယ်။
ဆိုတော့ ဒါကိုမှတ်သားထားခြင်းဖြင့် တိလေးများကို အရွယ်ရောက်ကာလမှာ ကျန်းမာစွာ ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။