8 ပတ် - ဘာသာပြန်ပါ။

ဖြေရှင်းရမည့် ပြဿနာများရှိနေဟု နည်းပြနူနိုဝန်ခံ
---------------------

ဝက်စ်ဟမ်းအသင်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေပြီလို့ ဘရန်ဖို့ဒ်အသင်းကို ရှုံးတဲ့ပွဲအပြီးမှာ နည်းပြ နူနိုဆန်တိုက ဝန်ခံသွားပါတယ်။ ဝက်စ်ဟမ်းနည်းပြသစ် နူနိုဆန်တိုရဲ့ ပထမဆုံးအိမ်ကွင်းပွဲဖြစ်ခဲ့ပေမယ့် သီယာဂို၊ ဂျန်ဆန်တို့ရဲ့သွင်းဂိုးတွေနဲ့ ဘရန့်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အသင်းဘုတ်အဖွဲ့ကို ပရိသတ်တွေ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဝက်စ်ဟမ်းအသင်းကစားပုံက တော်တော်လေးကို ဆိုးရွားခဲ့ပြီး ဘရန့်ဖို့ဒ်အသင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲပါတယ်လို့ ပွဲအပြီးမှာ နည်းပြ နူနိုက ပြောသွားတာပါ။ အခုပွဲက ဘရန့်ဖို့ဒ်အသင်းရဲ့ ဒီရာသီ ပထမဆုံးအဝေးကွင်းနိုင်ပွဲဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းကတော့ အခုရာသီ နိုင်ပွဲ ၁ ပွဲသာရရှိမှုနဲ့အတူ အမှတ်ပေးဇယား အဆင့် ၁၉ နေရာကို ရောက်နေပါတယ်။ ပရိသတ်တွေ မြင်တွေ့ချင်တဲ့ အသင်းမျိုးကို ဖြစ်လာဖို့ကို ပြောင်းလဲမှု တွေလုပ်ရတော့မှာဖြစ်ပြီး ဒီလိုပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ကို နည်းပြဖြစ်သူနဲ့ ကစားသမားတွေအပေါ် အများကြီး မူတည်နေပါတယ်လို့ ပြီးခဲ့တဲ့လကမှ ဝက်စ်ဟမ်း အသင်းကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြ နူနိုဆန်တိုက ပြောသွား ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ရာသီအစပိုင်း ရလဒ်တွေဆိုးရွားခဲ့ပြီးနောက် နည်းပြပေါ်တာကို ရာထူးကနေ ထုတ်ပယ် ခဲ့ပြီး နော်တင်ဟမ်အသင်းကို ရလဒ်ကောင်းတွေရယူပေးနိုင်ခဲ့တဲ့ နည်းပြ နူနိုဆန်တိုကို ခန့်အပ်ထားခဲ့တာဖြစ်ပါ တယ်။ နည်းပြနူနိုလက်ထက် ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ် အဲဗာတန်ကွင်းမှာ သရေကစားနိုင်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ရလဒ်ကောင်း ဖို့ကို မျှော်လင့်ခဲ့ကြပေမယ့် အခုလိုမျိုးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။

imageimage