ရေခဲတိုက်ကို နှလုံးရပ်သေဆုံးမှုနဲ့ရောက်ရှိလာတဲ့ အမျိုးသမီးအလောင်းတစ်လောင်း၊ သေဆုံးရတဲ့အကြောင်းရင်းကိုစစ်ဆေးမှုမလုပ်ရသေးခင် မိုးသည်းညတစ်ညမှာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာညတုန်းက မှုခင်းဆေးပညာဓာတ်ခွဲခန်းမှာ အစောင့်တစ်ယောက်သာရှိပြီး အဲ့ဒီအစောင့်ကလည်းဆေးရုံမှာအကြောက်လွန်ပြီး သတိလစ်မေ့မျောနေတဲ့အတွက်အခုမှ နိုင်ငံခြားခရီးစဉ်ကပြန်လာကာစ စုံထောက် အာယာ နဲ့သူ့လက်ထောက်နှစ်ယောက်ဟာ ဒီအမှုကိုညတွင်းချင်းကိုင်တွယ်စစ်ဆေးဖိုဖြစ်လာခဲ့ပါတယ်။
ဒီဇာတ်လမ်းဟာ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ စပိန်လျှိဝှက်သည်းဖိုဇာတ်ကား The Body 2012 ဇာတ်ကားရဲ့ တရားဝင် အင်ဒိုနီးရှား remake ဖြစ်ပါတယ်။ အရှေ့တိုင်းနောက်ခံနဲ့ကိုက်ညီအောင်တစ်ချိုနေရာလေးတွေအပြောင်းအလဲလုပ်ထားသလို၊ တင်ဆက်ပုံ၊ ဇာတ်ကြောင်းပြောပုံတွေ ပါဆန်းသစ်ထားတဲ့အတွက် မူရင်းဇာတ်ကားကြည့်ဖူးသူတွေပါ လိုက်ပါစီးမျောနိုင်မယ့် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ👇
t.me/MM_Sub_3/674
🎬 Main channel 🔗
t.me/addlist/43SAvNGGjGExNWVl