အလုပ်နဲ့ အတွေးကို အာရုံစိုက်ပါ
---------------------------------
ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။
ငါချမ်းသာ နိုင်သေးတယ်ဆိုတဲ့
အသိနဲ့ ကြိုးစားပါ။
ငါအဆင်မပြေဘူးလို့ မတွေးပါနဲ့။
ငါအဆင်ပြေ နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါကံဆိုးတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ငါကံကောင်း နိုင်သေးတယ်လို့ပဲ တွေးပါ။
ငါလုပ်လို့ မရနိုင်တော့ဘူးလို့
မငြီးတွားပါနဲ့။
ငါ ဆက်လုပ်နေမယ်ဆိုရင်
အောင်မြင်မယ်ဆိုတဲ့ အသိနဲ့ ကြိုးစားပါ။
အလုပ်ဆိုတာ အရေးကြီးသလို
အတွေးတွေကလည်း အဓိကကျပါတယ်။
ဒါကြောင့် အတွေးကို
ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကောင်းတဲ့ အတွေးအမြင်တွေကသာ
သင့်ကို ကောင်းတဲ့ ဘဝဆီ
ခေါ်ဆောင်သွား နိုင်မှာပါ။
အလုပ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်ခြင်းကသာ
သင့်ကို ကောင်းတဲ့ဘဝဆီ ခေါ်ဆောင်သွားမှာပါ။
ဘာပဲလုပ်လုပ်
အလုပ်နဲ့ အတွေးကို ဂရုစိုက်ပါ။