1 ပတ် - ဘာသာပြန်ပါ။

လက်တော့ ကီးဘုတ်တွေ ဘာကြောင့်ပျက်လဲ?
~~~~~~~~~~~~~~~~~~~
ကဲဒီနေ့တော့ လက်တော့ ကီးဘုတ်တွေ ပျက်ရတဲ့ အကြောင်းအရင်လေးတွေကို မျှဝေထားပါတယ်။
🔴အသုံးမပြုဘဲ ပစ်ထားတာကြောင့်လည်း ပျက်စီးနိင်ပါတယ်။ ကျွန်တော် တွေဖူးတယ်။ ကွန်ပျုတာ ဝယ်ထားပြီး ပျက်မှာ ဆိုးလို့ မသုံးဘဲ သိမ်းထားတယ်။ သုံးမယ်ဆိုပြီး ကွန်ပျုတာ ဖွင့်လိုက်တော့ ပါဝါ မတက်တော့ဘူး၊ ကီး ဘုတ်တွေ အလုပ် မလုပ်တော့ဘူး။ အဲ့လိုဖြစ်သွားရင် မတန်ဘူးလေနော်။ ဒါကြောင့် ပုံမှန်လေး အသုံးပြုပေးပါ။
🔴ကီးဘုတ်ပေါ်ကို လေးလံတဲ့ အရာဝတ္ထုများကို အချိန်ကြာမြင့်စွာ တင်ထားမိခြင်းဖြင့် ပျက်စီးနိင်ပါတယ်။ များသောအားဖြင့် စာအုပ် အထူကြီးတွေ တင်ထားမိတက်ကြပါတယ်။
🔴ကော်ဖီခွက် မှောက်ကျခြင်း၊ အအေးခွက်များ မှောက်ကျခြင်းတွေကြောင့်လည်း ပျက်စီးနိင်ပါတယ်။ ဆိုလိုချင်တာက ကော်ဖီမှောက်ကျတာနဲ့ တန်းပျက်စီးသွားမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ပျက်နိင်ချေ များတယ်လို့ ပြောတာပါ။
🔴ကီးဘုတ်ရှိ ကီးများကို ကြမ်းတမ်းစွာ ရိုက်ခြင်းဖြင့်လည်း ပျက်စီးနိင်ပါတယ်။ Desktop ကီးဘုတ်တွေ အတွက် ပြသာနာ မရှိပေမယ့် လက်တော့ ကီးဘုတ်တွေကို ကြမ်းတမ်းစွာ အသုံး မပြုသင့်ပါဘူး။
🔴ပုံမှန် သန့်ရှင်းရေး မလုပ်ပေးခြင်းဖြင့် ပျက်စီးနိင်ပါတယ်။ လက်တော့ ကီးဘုတ်သန့်ရှင်းလုပ်ရင် အကုန်ဖြုတ်ရတာမို့ ကိုယ်တိုင် မလုပ်တက်ရင် ကျွမ်းကျင်တဲ့ Technical နဲ့ လုပ်ခိုင်းတာ ပိုအဆင်ပြေပါတယ်။ များသောအားဖြင့် လက်တော့တွေကို Hardware Cleaning လုပ်ပေးဖို့ မေ့နေတက်ကြပါတယ်။ ပုံမှန် ဂရုစိုက်ပေးခြင်းဖြင့် ငွေကုန် သက်သာတာပေါ့ဗျာ။
🔴နောက်ဆုံးတစ်ချက်ပေါ့နော်။ ရီစရာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ ဘာလဲဆိုတော့ ကိုယ့်ဂရုတစိုက် သုံးနေရင်းနဲ့ကို သူ့အလိုလိုလည်း ပျက်စီးတက်ပါတယ်။ ရီးစားတောင် ကိုယ်ဂရုစိုက်နဲ့ ကြားထဲက ပျက်ချင်လည်း ပျက်သွားတာဘဲကိုနော်။😄
ဒါဆိုရင် ကီးဘုတ်ပျက်သွားရင် ပြင်လို့ရနိင်လား 🤔
ပြင်လို့ရနိင်ချေကတော့ နည်းပါတယ်။ များသောအားဖြင့် အသစ်တစ်ခု အစားထိုးလိုက်တာများပါတယ်။ လဲရမှာ ဈေးများတယ်ဆိုရင် External Keyboard တစ်ခုသာ ဝယ်သုံးလိုက်ပါ။
ဒီနေရာမှာ ကြုံလို့ တစ်ခု‌ ပြော‌ပြပေးရဦးမယ်။ လက်တော့ အဟောင်းတွေကို ဈေးတန်တယ်ဆိုပြီး Gen နိမ့်တာ ဝယ်ရင် ကြုံရမယ့် ပြသာနာတစ်ခုက Spare Parts မရှိတာဘဲ။
ကိုယ့်လက်တော့က မော်ဒယ်နိမ့်နေတာမျိုး ဈေးကွက်မှာ ကွက်ပျောက် ဖြစ်နေတာမျိုး ဆိုရင် Spare Parts တွေ ဝယ်မရတဲ့ ပြသာနာမျိုး ကြုံရနိင်ပါတယ်။

image