ဝိုင်းမော်မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၏ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူအား ၆(၁)ဖြင့် ဖမ်းဆီးအရေးယူ 
 
အောက်တိုဘာ ၂၁ 
 
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 
 
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးရှိ တံခါးနှင့်သံပန်းများ ဖြုတ်ခိုးယူနေကြောင်း သတင်းအရ ဝိုင်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝိုင်းမော်မြို့နယ်၊ ဝေဘာကျေးရွာနေ ဆွန်လွတ်နော်(ခ)မာနော်(၂၃)နှစ်သည် ရုံးခန်းအတွင်းရှိ ဆလိုက်အလူမီနီယံဘောင်နှင့် မှန်တံခါးချပ် ၄၆ ချပ်၊ ဆလိုက်အလူမီနီယံတံခါးပြေးလမ်း ၂၃ စုံ၊ လှေကားစတိုခန်းတွင် ကာရံထားသော သံချောင်း ၂၅ ချောင်း၊  အိမ်ထောင်သည်လိုင်းခန်းရှိ တံခါးဂျက် ၃၂ ချောင်းနှင့် တံခါး လက်ကိုင်ကွင်း ၃၄ ခု (စုစုပေါင်းတန်ဖိုးငွေ ၉,၄၈၂,၀၀ဝိ/-)တို့အား ဖြုတ်ယူခိုးသွားသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ 
 
ထို့ကြောင့် ဆွန်လွတ်နော်(ခ)မာနော်အား ဝိုင်းမော်မြို့မရဲစခန်း (ပ)၅၃/၂၀၂၅၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
         
 
		  
		 
		 
		 
		 
		 
                