လှည့်စားသောလိပ်များ

*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣

ဝန်းတစ်ခုတွင် လိပ်နှစ်ကောင် နေထိုင်၏။ သူတို့သည် ရင်းနှီးစွာနေထိုင်ကြ၏။ ထို့ကြောင့် ရက်တွေကြာလာသည့်အခါ မိုးမရှိသဖြင့် သူတို့နေထိုင်ရာဝန်းအတွင်းမှ ရေကန်တွင် ရေမရှိဖြစ်လာ၏။ ရေမရှိသည့်အတွက် စိတ်ညစ်ပြီး လိပ်များသည် ပင်လယ်ဆီသို့ သွားရန်ဆုံးဖြတ်လိုက်ကြ၏။ ရေကန်မှ ပင်လယ်ဆီသို့ ပြောင်းရွှေ့ရာတွင် တစ်ယောက်ယောက်သည် သူတို့ကို ဖမ်းမည်ကို စိုးရိမ်နေကြ၏။ အန္တရာယ်ရှိသည့်အခြေအနေကို ရင်ဆိုင်ရလျှင်လည်း သတ္တိရှိစွာ ထွက်ပြေးကြမည်ဟု ဆုံးဖြတ်ထားပြီး ထွက်လာကြလေ၏။

လမ်းလယ်တစ်နေရာတွင် မုဆိုးတစ်ဦးသည် လိပ်များကို တွေ့သွား၏။ မုဆိုးသည် လိပ်များကို ဖမ်းယူပြီး အိတ်တစ်လုံးတွင် ထည့်လိုက်၏။ လိပ်များသည် အကူအညီတောင်းကြလေ၏။
''ဒီနားမှာ ငါတို့နေကြပါတယ်။ ကလေးတွေအားလုံးကို အဲဒီမှာထားခဲ့ပြီး ပင်လယ်ထဲ ရေချိုးဖို့ လာခဲ့တာပါ။ ရေကန်ဘောင်ပေါ်က စောင့်ပေးပါ။ ရေနည်းနည်းချိုးပါရစေ။ ရေကန်ဆီကို အချိန်မီ ပြန်လာ ပါ့မယ်။ ပြီးရင် ငါတို့နဲ့ကလေးတွေကို ခေါ်သွားပါ"ဟု အကူအညီတောင်းပြောဆိုသည်။

လိပ်တို့၏စကားကို မုဆိုးက သဘောတူပြီး ရေကန်အနီးသို့ သွားခဲ့၏။ လိပ်များသည် ထိုနေရာမှ ထွက်ခဲ့ကြတော့၏။ လိပ်များ ပင်လယ်ကမ်းခြေသို့ ရောက်သည်နှင့် လင်းယုန်တစ်ကောင်သည် လိပ်များ ကို မြင်သွားလေ၏။ ချက်ချင်းပင် ထိုးဆင်းလာပြီး လိပ်တစ်ကောင်ကို သုတ်ချီသွား၏။ လင်းယုန်သည် လိပ်ကိုစားရန် အနီးနားရှိသစ်ပင်တစ်ပင်ပေါ်သို့ နားလိုက်၏။ ထို့နောက် လိပ်သည်"ငါ့ကို မစားပါနှင့်။ မင်း ငါ့ကို စားလည်း မင်းကျေနပ်မှာမဟုတ်ဘူး။ ငါ့အဖော်ကို ငါခေါ်လိုက်ရင် အစားပေါသွားမှာပေါ့။ ငါ့အဖော်ရှိတဲ့နေရာကို ငါပြမယ်"ဟု ဆိုသော် လင်းယုန်သည် ယုံကြည်သွား၏။ ထို့နောက် လိပ်ကို ကုတ်ချီပြီး ကမ်းခြေပေါ်သို့ ထားခဲ့၏။ ထိုအချိန်တွင် အောက်မှာရှိသောလိပ်သည် သူတို့အခြေအနေ ကိုကြည့်ပြီး ပင်လယ်ထဲကို ဆင်းသွား၏။ သို့သော် လင်းယုန်ယုံကြည်သောလိပ်သည် '' ဒီနေရာက သဲထဲ မှာရှိနေပါတယ်။ ရှေ့ကိုတိုးပါ။" လင်းယုန်သည် ဆက်တိုးသွား၏။ ထိုစဉ် ပြင်းထန်သော လှိုင်းလုံးများ သည် လင်းယုန်အား ရိုက်ခတ်ပြီး လင်းယုန်သည် ရေစီးတွင် ပါသွားလေ၏။

လိပ်နှစ်ကောင်သည် ပင်လယ်ထဲ၌ ဆုံတွေ့ကြလေ၏။ သူတို့အစီအစဉ်အဆင်ပြေသည့်အတွက် ပျော်ရွှင်နေကြ၏။ သူတို့သည် ပင်လယ်မှလွဲ၍ အခြားနေရာသို့ မသွားကြတော့ချေ။ မုဆိုးသည် လိပ်တို့အလာသည် ပျင်းရိစွာ စောင့်နေလေ၏။ လိပ်များသည် မုဆိုးအား လှည့်ဖြားခဲ့၏။ မုဆိုးသည် စားရခါနီးမှ လွတ်သွားသည့်အတွက် ကျိန်ဆဲကာ အိမ်သို့ ပြန်ခဲ့တော့၏။ ။

#credit

image